• Follow Us on

Home ပေါင်မြို့တွင် အမျိုးသားတစ်ဦး လမ်းဘေးရေမြောင်း၌ ကျည်ထိဒဏ်ရာများဖြင့် သေဆုံး

ပေါင်မြို့တွင် အမျိုးသားတစ်ဦး လမ်းဘေးရေမြောင်း၌ ကျည်ထိဒဏ်ရာများဖြင့် သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

 

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျောက်တန်းကျေးရွာ နှင့် ကျောက်ရေတွင်းကျေးရွာရှိ လမ်းဘေး ရေမြောင်းတွင် အမျိုးသားတစ်ဦး ကျည်ထိဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၉ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်တွင် ရင်းငြိမ်(မ)ကျေးရွာတွင် နေသည့် အမျိုးသားမှာ ကျောက် တန်းကျေးရွာဘက်သို့ အလုပ်ကိစ္စဖြင့်သွားစဉ် ကျောက်တန်းကျေးရွာ နှင့် ကျောက်ရေတွင်းကျေးရွာရှိ လမ်း ဘေးရေမြောင်းတွင် သေဆုံးနေကြောင်း ရုပ်အလောင်းကို ရင်းငြိမ်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရသည့် အမျိုးသားမှာ အသက် (၄၅) နှစ်အရွယ် မှတ်ကြီး(ခ)မျိုးမင်းထွန်း၏ ဦးခေါင်း နောက်စေ့နှင့် ညာဘက်လက်မောင်းတ့ိုတွင် ကျည်ထိဒဏ်ရာများရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post