ပေါင်မြို့တွင် အရက်အတူတူသောက်ရင်း စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ကတ်ကြေးဖြင့်ထိုးခံရ
PUBLISHED - January 22, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၂
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့၊ နတ်ကြီးချောင်ကျေးရွာ၊ ကျားကျွန်းတွင် အမျိုးသားနှစ်ဦး အရက်အတူ တူသောက်ရင်း စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ကတ်ကြေးဖြင့်ထိုးခံရကြောင်း သိရသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကတ်ကြေးဖြင့်ထိုးခံရသူအမျိုးသားမှာ ၎င်း၏ဇနီးဖြစ်သူနှင့်အတူ စိုက်ခင်းရေ သွင်း ရန်အတွက်သွားစဉ် ချောင်းစပ်အုန်းတုံးတံတားအနီး၌ တစ်ရွာတည်းနေ အမျိုးသားနှင့် တွေ့ပြီး ၎င်းတို့နှစ်ဦး အရက်အတူတူသောက်ခဲ့ကျကြောင်း သိရသည်။
ထို အရက်အတူတူသောက်ရင်း စကားများရန်ဖြစ်၍ ကျူးလွန်သူ အောင်မျိုးသန့်မှာ ၎င်းတွင်အသင့်ပါလာသည့် အရိုးအသွား ရှစ်လက်မခန့်ရှိ မီးဖိုချောင်သုံးကတ်ကြေးဖြင့် သန်းအေး၏ ဘယ်ဘက်/ညာဘက်ရင်အုံကို ထိုး သွင်းဒဏ်ရာ နှစ်ချက်၊ ဘယ်ဘက်လက်မောင်းထိုးသွင်းဒဏ်ရာ တစ်ချက် (စိုးရိမ်ရ) ကြောင်း၊ ထိုအမျိုးသား နှစ်ဦးမှာ ယခင်ကရန်ဖြစ်စကားများထားသည့် ကိစ္စများရှိကြောင်း သိရသည်။ ဒဏ်ရာရရှိသည့် သန်းအေးကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေကြောင်း၊ ကျူးလွန်သူ အောင်မျိုးသန့်ကို မုတ္တမနယ်မြေ ရဲစခန်းတွင် (ပ) ၃/၂၀၂၄ ၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Photo – Credit
#PeopleMedia