• Follow Us on

Home ပေါင်မြို့နယ် သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

ပေါင်မြို့နယ် သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

Share this post

နေပြည်တော်၊ သြဂုတ် ၂၉

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာ အုပ်ချုပ်‌ရေးမှူး ယမန်နေ့ ညနေ ၄ နာရီအချိန်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

 

ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာ အုပ်ချုပ်‌ရေးမှူး ဦးအောင်ငွေထွန်းသည် မော်တော်ဆိုင်ကယ်ဖြင့် နေအိမ်မှ ထွက်ခွာလာစဉ် ရင်းငြိမ်မြောက်ကျေးရွာ ဘောလုံးအားကစားကွင်းနားအရောက်တွင် ဆိုင်ကယ် ၁ စီးဖြင့် PDF ၂ ဦးအနောက်မှ လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အုပ်ချုပ်ရေးမှူးတွင် ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာ၊ ပေါင်ကျည်ထိမှန်ဒဏ်ရာတို့ ရရှိခဲ့၍ ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအနီးတွင် ဩဂုတ်လ ၂၄ ရက်က ခရီးသည်တင်ယာဉ်အား KNU/ PDF အဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ခရီးသည် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။

 

#PeopleMedia


Share this post