• Follow Us on
Latest News

Home ပေါင်မြို့နယ် ဥတ္တံတားအပြင်ကျေးရွာရှိ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေအိမ်မှ ဖောက်ခွဲပစ္စည်းများသိမ်းဆည်းရမိ

ပေါင်မြို့နယ် ဥတ္တံတားအပြင်ကျေးရွာရှိ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေအိမ်မှ ဖောက်ခွဲပစ္စည်းများသိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၂၀

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဥတ္တံတားအပြင် ကျေးရွာရှိ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေအိမ်မှ ယမန်နေ့ နံနက် ၁၀ နာရီကျော် အချိန်က ဖောက်ခွဲပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပေါင်မြို့နယ်၊ ဥတ္တံတားအပြင် ကျေးရွာ၊ ရပ်ကွက်(၆)၊ ဘောဃဗလလမ်းတွင် အမျိုးသား ၁ ဦး ပိုင်ဆိုင်သည့် နေအိမ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ မှ သွားရောက်၍ စစ်ဆေးခဲ့ရာ နေအိမ်အတွင်း လူမရှိ‌တော့ဘဲ နေအိမ်ခြံဝင်းအတွင်းရှိ ဂိုထောင်မှာ ပြိုကျပျက်စီး နေကြောင်း သိရသည်။

 

အဆိုပါ နေအိမ်အတွင်းရှိ ဂိုထောင်အနီးဝန်းကျင်တွင် မပေါက်ကွဲသေးသော ၄၀ မမ ဗုံးသီး နှစ်လုံး၊ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း  သိရသည်။

 

#PeopleMedia


Share this post