• Follow Us on
Latest News

Home ပေါင်းတည်မြို့တွင် အမျိုးသားတစ်ဦး ဦးခေါင်းဖြတ်သတ်ဖြတ်ခံရ

ပေါင်းတည်မြို့တွင် အမျိုးသားတစ်ဦး ဦးခေါင်းဖြတ်သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၄

 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့၊ ကြိုကုန်းကျေးရွာ၏ အနောက်ဘက် (၃) ဖာလုံခန့်အကွာ တွင် အမျိုးသားတစ်ဦး ဦးခေါင်းဖြတ်သတ်ဖြတ်ခံရကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂ ရက် နံနက် ၁ နာရီဝန်းကျင်တွင် ကြိုကုန်းကျေးရွာရှိ အသက် (၅၃) နှစ်အရွယ် ဦးတင်မောင်ဝင်း ၏ နေအိမ်သို့ PDF များ ရောက်ရှိလာပြီး ထိုအမျိုးသားကို ဖမ်းဆီးခေါ်ဆောင်၍ ကျေးရွာအနောက်ဘက် (၃) ဖာလုံခန့်အကွာတွင် PDF များမှ ဦးခေါင်းဖြတ်ပြီး သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

ပြီးခဲ့သည့်လပိုင်းကလည်း ငါန်းဇွန်မြို့တွင် အသက် (၁၈) နှစ်အရွယ်အမျိုးသားတစ်ဦးအပါအဝင် (၇) ဦးကို PDF များမှ သတ်ဖြတ်သည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post