ပေါင်းတည်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ

PUBLISHED - December 21, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့၊ ကျောက်တံခါးရွာနှင့် သိမ်ကုန်းရွာအကြားတွင် အမျိုး သားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၀ ရက် နံနက် ၇ နာရီဝန်းကျင်တွင် ကျောက်တံခါးရွာ နှင့် သိမ်ကုန်းရွာအကြား၌ အမျိုးသားတစ်ဦး ကျည်ထိဒဏ်ရာ (၂) ချက်ပစ်ခံရ၍ သေဆုံးနေကြောင်း သိရသည်။
PDF များ၏ပစ်ခတ်မူကြောင့် သေဆုံးသွားသည့် အသက် (၅၂) နှစ်အရွယ် ဦးသန်းလွင်ဖြစ်ပြီး ၎င်းမှာ ပဲခူးရိုးမ အစပ်ရှိ ကျောက်တံခါးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပေါင်းတည်မြို့၊ ကြို့ကုန်းကျေးရွာအနောက်ဘက် (၃) ဖာလုံအကွာတွင် အမျိုး သားတစ်ဦးကို PDF များမှ ခေါင်းဖြတ်ခံရသည်။
Photo – Credit
#PeopleMedia