• Follow Us on
Latest News

Home ပေါင်းတည်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

ပေါင်းတည်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဖေဖောဝါရီ ၂၀

 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့၊ ညောင်နီပင်အုပ်စု၊ ညောင်နီပင်ကျေးရွာတွင် နေထိုင် သည့် အမျိုးသားတစ်ဦး သတင်းပေးဟုဆိုရာ PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၄ နာရီကျော်တွင် ဦးစိုးသိန်းနေသည့် ညောင်နီပင်ကျေးရွာသို့ PDF များ ရောက် ရှိလာပြီး ထိုအမျိုးသားကို သေနတ်ဖြင့်ပစ်ခတ်သွားကြောင့် အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

ပြီးခဲ့သည့် နှစ်ကလည်း ပေါင်းတည်မြို့၊ ကြိုကုန်းကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို နေအိမ်မှ ထိုကျေးရွာ၏အနောက်ဘက် (၃) မိုင်ခန့်အကွာသို့ PDF များမှ ဖမ်းဆီးခေါ်ဆောင်ပြီး ထိုအမျိုးသားကို လည် ပင်းလှီး၍ သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post