• Follow Us on
Latest News

Home ပေါင်းတည်မြို့နယ် ရွာလှကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူကို စစ်သွေးကြွများမှ နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်

ပေါင်းတည်မြို့နယ် ရွာလှကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူကို စစ်သွေးကြွများမှ နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၄

 

ပဲခူးတိုင်း‌ဒေသကြီး(အနောက်ပိုင်း)၊ နတ္တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဆင်လူးကျေးရွာအုပ်စု၊ ရွာလှကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူအား စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ် သွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ (၄)ရက် နံနက် (၄)နာရီခွဲအချိန်က ရွာလှကျေးရွာတွင် နေထိုင်သည့် အသက် (၆၂)နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးခင်ထွဋ်နှင့် အသက် (၃၀)နှစ်အရွယ် သားဖြစ်သူ အောင်ဇော်ထွဋ်တို့သည် နေအိမ်အတွင်း အတူရှိနေစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင် (၆)ဦးသည် ခြေလျင်ရောက်ရှိလာသည်။

 

ယင်းနောက် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် နေအိမ်ပတ်လည်အား ဝန်းရံကာ အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ သားဖြစ်သူတို့အား သေနတ်ဖြင့် (၁၅)ချက်ခန့် ပစ်ခတ်ခဲ့သည်။

 

ယင်းသို့ ပစ်ခတ်ခဲ့မှုကြောင့် ဦးခင်ထွဋ်တွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ(ဦးနှောက်ထွက်)၊ သားဖြစ်သူ အောင်ဇော်ထွဋ်တွင် လည်ပင်းပြတ်ရှ၊ လက်မောင်းပြတ်ရှ၊ မျက်နှာပွင့်ထွက်ဒဏ်ရာ စသည့်ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားသည်။

 

ယင်းနောက်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ရွာလှကျေးရွာ၏ အ‌ရှေ့မြောက်ဖက်ရှိ ဒေါင်းယက်ချောင်း ရေပြာဆည်ဘောင်ဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post