ပေါင်းတည်မြို့နယ် သစ်ပုတ်ရွာကို စစ်သွေးကြွ NUG/PDF အဖွဲ့ မီးရှို့ဖျက်ဆီး၊ ဘုန်းကြီးကျောင်း အပါအဝင် အိမ်ခြေ ၁၀၀ ခန့် မီးထဲပါသွား

PUBLISHED - February 13, 2025
ပဲခူး၊ ဖေဖော်ဝါရီ ၁၃
ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းက စစ်သွေးကြွ NUG/PDF အဖွဲ့များသည် ပဲခူးတိုင်း(အနောက်)၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာကို မီးရှို့ဖျက်ဆီးလိုက်သည်။
စစ်သွေးကြွအုပ်စု၏ လက်ချက်ကြောင့် သစ်ပုတ်ရွာရှိ နေအိမ် ၁၀၀ ခန့် မီးလောင် ပျက်စီးသွားသလို ရွာဦးကျောင်းလည်း မီးရှို့ဖျက်ဆီးမှု ခံခဲ့ရသည်။
သစ်ပုတ်ရွာသည် ပဲခူးရိုးမ ဧရိယာနဲ့ ကပ်လျက်တည်ရှိသော ကျေးရွာကြီးတစ်ရွာဖြစ်သည်။
စစ်သွေးကြွအုပ်စုများသည် မကြာခဏဆိုသလို ရိုးမတောင်ခြေရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
#PeopleMedia