• Follow Us on
Latest News

Home ပေါလ်ပယ်လစီကို တူနဲ့တိုက်ခိုက်ခဲ့တဲ့ ဒေးဗစ်ဒီပတ်ကို ထောင်ဒဏ်အနှစ် ၃၀ ချမှတ်

ပေါလ်ပယ်လစီကို တူနဲ့တိုက်ခိုက်ခဲ့တဲ့ ဒေးဗစ်ဒီပတ်ကို ထောင်ဒဏ်အနှစ် ၃၀ ချမှတ်

Share this post

နိုင်ငံတကာ၊ မေ ၁၈

 

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့က နေအိမ်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လစီရဲ့ ခင်ပွန်း ဖြစ်သူ ပေါလ်ပယ်လစီကို တူနဲ့ တိုက်ခိုက်ခဲ့တဲ့ ဒေးဗစ်ဒီပတ်ကို သောကြာနေ့ (မေလ ၁၇ ရက်နေ့) ကထောင် ဒဏ် အနှစ် ၃၀ ချမှတ်လိုက်ပြီဖြစ်ကြာင်း ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းခရိုင် အမေရိကန်ရှေ့နေများရုံး က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

ဒေးဗစ်ဒီပတ်ကို ထောင်ဒဏ်အနှစ် ၄၀ အပြစ်ပေးနိုင်ဖို့ အစိုးရရှေ့နေတွေက ကြိုးပမ်းခဲ့ကြပေမဲ့ အမေရိကန် ခရိုင်တရားသူကြီး ဂျက်ကလင်းစကော့ကော်လီကတော့ ဒေးဗစ်ဒီပတ်ကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်ဖို့ထောက် ခံခဲ့တယ်လို့ဆိုပါတယ်။

 

ပြစ်မှုနောက်ကြောင်းရာဇဝင်မရှိသလို ဘဝမှာ ခက်ခဲပင်ပန်းစွာရုန်းကန်နေရတဲ့အတွက် ၎င်းကို ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်ပေးဖို့ ဒီပတ်ရဲ့ရှေ့နေက ကော်လီကို လျှောက်လဲတင်ပြခဲ့ပါတယ်။

 

တရားသူကြီးကော်လီက ပြစ်ဒဏ်ချမှတ်နေစဉ်အတွင်းမှာ ဒီပတ်ဟာ မတ်တပ်ရပ်ပြီး ငြိမ်သက်စွာနားထောင်နေ ပါတယ်။

 

ပယ်လစီမိသားစုရဲ့ထုတ်ပြန်ကြေညာချက်မှာတော့ ၎င်းတို့အနေနဲ့ ပေါလ်ပယ်လစီ ဒါမှမဟုတ် ပုပ်အတွက် ဂုဏ် ယူကြောင်း၊ တိုက်ခိုက်မှုခံရကတည်းက ၎င်းပြန်လည်ကောင်းမွန်လာအောင် ဆုတောင်းပေးနေကြသူတွေကို လည်း ကျေးဇုူးတင်ကြောင်း ဖော်ပြထားပါတယ်။

 

ဒီပတ်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဖက်ဒရယ်အစိုးရအရာရှိတစ်ဦးကို ပြန်ပေးဆွဲဖို့ ကြိုး စားခဲ့ပြီး ဖက်ဒရယ်အရာရှိရဲ့ မိသားစုဝင်ကို တိုက်ခိုက်ခဲ့တဲ့ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဖက်ဒရယ်ဂျူရီအဖွဲ့ဝင်တွေ က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

 

ဒီပတ်ရဲ့ထောင်ဒဏ် အနှစ် ၃၀ ထဲမှာ ချုပ်ရက် ၁၈ လကို ထုတ်နုတ်ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

 

ဒီပတ်က နန်စီပယ်လစီတို့ရဲ့ Pacific Heights အိမ်ကြီးကို ချိုးဖောက်ဝင်ရောက်ခဲ့ပြီး ပေါလ်ပယ်လစီကို တိုက်ခိုက်ခဲ့ကြောင်း ထွက်ဆိုချက်ထဲမှာ ဝန်ခံခဲ့ပါတယ်။

 

Ref: David DePape, man who attacked Paul Pelosi with a hammer, sentenced to 30 years in prison

 

#PeopleMedia


Share this post