PUBLISHED - September 16, 2020
ရန်ကုန်၊ စက်တင်ဘာ ၁၆
(unicode)
ပဲခူးတက္ကသိုလ် Quarantine Center တွင် အမှိုက်များအား သက်ဆိုင်ရာမှ လာရောက်သိမ်းဆည်းခြင်း မရှိကြောင်း Volunteer အဖွဲ့ခေါင်းဆောင်ပြော
…………………………………………………
ရန်ကုန်၊ စက်တင်ဘာ ၁၆
ပဲခူးတက္ကသိုလ် Quarantine Center တွင် အမှိုက်များအား သက်ဆိုင်ရာမှ လာရောက်သိမ်းဆည်းခြင်း မရှိကြောင်း Volunteer အဖွဲ့ခေါင်းဆောင်ဦးကျော်မျိုးဦးကပြောသည်။
Quarantine Center တွင်တစ်ခါသုံးဘူးများဖြင့်အသုံးပြုသည့်အတွက် အမှိုက်များ များပြားနေပြီး သက်ဆိုင်ရာသို့ လာရောက်သိမ်းဆည်းပေးပါရန်ပြောကြားသော်လည်းဘာအကြောင်းပြန်ခြင်းမှ မပြုလုပ်ကြောင်း ၎င်းကပြောသည်။
“ဒီတက္ကသိုလ်ထဲမှာ သံသယလူနာတွေ၊ ပြည်တွင်းပြန်တွေကိုထားတယ် အဲ့နေရာမှကြတော့ တစ်ခါ သုံးဘူးနဲ့ပဲသုံးရတယ်ပေါ့လေ။ အဲ့တော့အမှိုက်ဝိတ်ကများတယ်။ တစ်ရက်နဲ့တစ်ရက်ကို။ လွန်ခဲ့တဲ့၂ ရက်ကျော်လောက်ထဲက အမှိုက်တွေသိမ်းဖို့သက်ဆိုင်ရာဌာနကို ဆက်သွယ်တယ်။ ဒါမယ့်အခုချိန်အထိကို အဲ့သက်ဆိုင်ရာဌာနက လာလည်းမလာဘူး၊ ဆက်လည်းမဆယ်သွယ်ဘူး” ဟု Volunteer အဖွဲ့ခေါင်း ဆောင်ဦးကျော်မျိုးဦးကပြောသည်။
ပဲခူးတက္ကသိုလ် Quarantine Center တွင်သံသယလူနာ ၉၁ ဦးထားရှိပြီး Volunteer အရေအတွက် ၅ ဦးရှိကြောင်း၎င်းကပြောသည်။
#PeopleMedia #ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ #COVID19