ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီး၏ (ပထမအကြိမ်)ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိ

PUBLISHED - March 25, 2025
ပဲခူး၊ မတ် ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ကျင်းပပြုလုပ်သောရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်ကြီး၏ (ပထမအကြိမ်)ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတဖျော်ဖြေပွဲများဖြင့် မတ်လ ၂၃ ရက်နေ့မှ မတ်လ၂၉ရက်နေ့အထိ ည (၈)နာရီမှစ၍ (၇)ရက်တိုင်တိုင် ဖျော်ဖြေတင်ဆက်လျက်ရှိရာ ဘုရားဖူး လာပြည်သူများနှင့် ဒေသခံပြည်သူများက အေးချမ်းပျော်ရွှင်စွာ လာရောက်ကြည့်ရှု့အားပေးလျက်ရှိသည်။
ထိုသို့ဖျော်ဖြေတင်ဆက်ရာတွင် ဘုရားဖူးအပန်းဖြေလာရောက်ကြသူများနှင့် ဒေသခံများအား သစ္စာမေတ္တာရွှေမန်းသဘင် တင်မောင်ဆန်းမင်းဝင်းပါဝင်သော မန်းအလင်္ကာဆန်း ဇာတ်သဘင်၊ DJ နှင့် စင်တင်တေးဂီတဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်လျက်ရှိရာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ၊ အပန်းဖြေလာရောက်ကြသူ (၃၅၀၀)ကျော်အေးချမ်းပျော်ရွှင်စွာ လာရောက် ကြည့်ရှု့ အားပေးခဲ့ကြသည်။
#PeopleMedia