ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်
PUBLISHED - June 21, 2024
နေပြည်တော်၊ ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက် တပ်ဆင်အပ်နှင်းပွဲကို ယမန်နေ့တွင် တောင်ငူလေတပ်စခန်းဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ တိုင်းမှူးက လက်နက်များ တပ်ဆင်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များ တပ်ဆင်အပ်နှင်းပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်း ဆောင်လျက်ရှိသော တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ တိုင်းမှူးက လက်ခံ ရယူခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
#PeopleMedia