• Follow Us on
Latest News

Home ပဲခူးတိုင်း(အနောက်ခြမ်း)ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်

ပဲခူးတိုင်း(အနောက်ခြမ်း)ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၆

 

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်း ကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြည်တပ်နယ်မှ တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်က လက်နက်များ တပ်ဆင်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့် တာဝန်ရှိသူများက ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များ တပ်ဆင်အပ်နှင်းပေးပြီး စစ်ဝတ်ပစ္စည်းများနှင့် စားသောက်ဖွယ် ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းကို ဖေဖော်ဝါရီ ၂ ရက်နေ့က တောင်ငူလေတပ်စခန်းဌာနချုပ် အားကစားခန်းမ၌ပြုလုပ်ပြီးဖြစ်သည်။

 

#PeopleMedia


Share this post