ပဲခူးတိုင်း ပြည်ခိုင်ဖြိုးပါတီဝင်များမှ ရေဘေးသင့်စာသင်တိုက်များ၊ လူနေရပ်ကွက်များအား စားသောက်ဖွယ်ရာ များလှူဒါန်းပြီး၊ ကူညီကယ်ဆယ်ရေးများဆောင်ရွက်
PUBLISHED - October 10, 2023
နေပြည်တော်၊ အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များမှ စတုတ္ထအကြိမ် ပဲခူးမြစ်ရေကြီးခြင်း၏ သဘာဝဘေးဒဏ်အားခံစားနေရသော ပဲခူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များ၊ လူနေရပ်ကွက်များသို့ အသင့်စားထမင်းဗူးများ လှူဒါန်း ဆက်ကပ်ဝေဌခြင်း ကူညီကယ်ဆယ်ခြင်းတို့အား အောက်တိုဘာ (၈) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ (၉) ရက်နေ့ နံနက်ပိုင်းကလဲ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ လိုက်ပါလျှက် ပဲခူးမြို့အတွင်းရှိ ကြခတ်ဝိုင်းစာသင်တိုက်တွင် ဝါဆို/ ဝါကပ်သီ တင်းသုံးတော်မူသော သံဃာတော်အပါး (၂၅၀) အတွက် အသင့်စားထမင်းဗူးများ၊ ရေသန့်ကဒ်၊ အချိုရည်ဗူး များ၊ ခေါက်ဆွဲခြောက်ဖာများအား သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရေကြီးနစ်မြှပ်နေသော ပန်းလှိုင်ရပ်ကွက်၊ ပုဏ္ဍားစုရပ်ကွက်၊ မှော်ကန်ရပ်ကွက်များရှိ ပြည်သူအများအား အသင့်စားထမင်းထုပ်များ အိမ်အရောက်သွားရောက်ဝေဌခြင်း ကယ်ဆယ်ရေးစခန်းများသို့ လှူဒါန်းခြင်း၊ နေအိမ်များတွင် ပိတ်မိနေသောသက်ကြီးရွယ်အိုများ ပြည်သူအများအား နေအိမ်များမှ ရေလွှတ်ရာသို့ ကူညီ ကယ်ထုတ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်းတို့အား ဆောင်ရွှက်ခဲ့ပြီး ယင်းညတွင် ဖယောင်းတိုင်အထုပ်များ၊ အသင့် စားထမင်းဗူးများ၊ ရေသန့်ကဒ်များအား အိမ်များအရောက်ကွင်းဆင်းဝေဌလျှက်ရှိကြောင်း သိရသည်။
#PeopleMedia