• Follow Us on

Home ပဲခူးတွင် မြစ်ရေကြီးနေသဖြင့် ယာယီရေဘေးရှောင်စခန်း ၁၀ ခုဖွင့်လှစ်ကာ ကူညီဆောင်ရွက်နေ

ပဲခူးတွင် မြစ်ရေကြီးနေသဖြင့် ယာယီရေဘေးရှောင်စခန်း ၁၀ ခုဖွင့်လှစ်ကာ ကူညီဆောင်ရွက်နေ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၉

 

ပဲခူတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်‌ရေကြီးလာသောကြောင့် ပဲခူးမြို့နယ် အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူများအား ဇိုင်း/တောင်ရပ်ကွက်ရှိ ကျောင်းသစ်ဘုန်းတော်ကြီး ကျောင်း၊ ဝင်္ဂဘာဘုန်းကြီးကျောင်း၊ ရွှေဘုန်းပွင့်ဘုန်းကြီးကျောင်း၊ ကျွန်းသာယာရပ်ကွက်ရှိ မင်္ဂလာဇေယျုံ ကျောင်းတိုက်၊ ရွှေနံ့သာကျောင်းတိုက်၊ ရွာသစ်ရပ်ကွက်ရှိ အလက(ခွဲ)ရွာသစ်ကျောင်း၊ ဥဿာ(၇)ရပ်ကွက်ရှိ ဒက္ခိဏာသာခါကျောင်းတိုက်၊ ကလျာဏီရပ်ကွက်ရှိ ကလျာဏီသိမ်ကျောင်းတိုက်၊ မဇင်းရပ်ကွက်ရှိ လေး မျက်နှာကျောင်းတိုက်၊ မြို့သစ်ရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းတို့တွင် ကူညီကယ်ဆယ်ခြင်း လုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ရန်ကုန် – မန္တလေးကားလမ်းရေကျော်နေသည့် ကျွန်းသာယာရပ်ကွက်၊ ခေါင်းဆေးကျွန်းနေရာ၊ မဇင်း (၁)လမ်းထိပ်နှင့် ဇိုင်း/မြောက်နှင့် ဇိုင်း/တောင် ရပ်ကွက်အကြားရှိ မင်းလမ်းမတို့တွင် ဖြတ်သန်းသွားလာနေ သည့် ယာဉ်များနှင့်လူများဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post