• Follow Us on

Home ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက် (၈) ခုနှင့် ကျေးရွာ (၂) ခုတို့ ရေကြီးရေလျှံမှုများဖြစ်ပေါ်

ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက် (၈) ခုနှင့် ကျေးရွာ (၂) ခုတို့ ရေကြီးရေလျှံမှုများဖြစ်ပေါ်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၉

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ အောက်တိုဘာလ ၇ ရက်နှင့် အောက်တိုဘာလ ၈ ရက်နေ့တို့တွင် မိုးသည်း ထန်စွာ ရွာသွန်းပြီး ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်၊ ၈၈၀ စင်တီမီတာ အထက် ၆၈ စင်တီမီတာ (၂ ပေခန့်) အထိ မြင့်တက်မှုကြောင့် ပဲခူးမြို့ပေါ်ရှိ ရပ်ကွက် (၈) ခုနှင့် ကျေးရွာ (၂) ခုတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ ယမန်နေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှု အောက်ရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များက သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းကူညီ ပေးပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်နေမှုများကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် ပဲခူးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ထမင်းဗူးများနှင့် ထောက်ပံ့ငွေများ ပေးအပ် ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post