• Follow Us on
Latest News

Home ပဲခူးမြို့တွင် ခရီးသည်မော်တော်ယာဉ်ပေါ်၌ လက်နက်များ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ နှစ်ဦး ဖမ်းဆီးရမိ

ပဲခူးမြို့တွင် ခရီးသည်မော်တော်ယာဉ်ပေါ်၌ လက်နက်များ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ နှစ်ဦး ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃၀

 

ပဲခူတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ခရီးသည်မော်တော်ယာဉ်ပေါ်၌ လက်နက်များ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ယာဉ်မောင်းအမျိုးသားတစ်ဦးနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မြဝတီမြို့မှ မောင်းနှင်လာသည့် ယာဉ်မောင်း အသက်(၂၀) နှစ်အရွယ် အောင်ကို မင်း၏ Hilux ယာဉ်အား ပဲခူးမြို့အဝင်တွင် လုံခြုံရေးတပ်ဖွဲ့မှ ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်၌ နနွင်းအိတ် ထဲတွင် လက်နက်များနှင့်ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထိုမော်တော်ယာဉ်အားမောင်းနှင်သည့် အမျိုးသားမှာ အင်းစိန်မြို့တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း၊ ထိုယာဉ် ပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦ၊ RUGER စနိုက်ပါ ၁ လက်၊ အမ်(၁၆) ၁ လက်၊ အမ်အေ(၁) ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂၉၀၀ တောင့် နှင့် ယမ်းပျော့ ၆ ကီလိုဂရမ် သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post