• Follow Us on

Home ပဲခူးမြို့တွင် ဖုန်းနှင့် မော်တော်ဆိုင်ကယ်ခိုးသူများကို ရပ်ကွက်ပြည်သူများမှ ဖမ်းဆီးရာ (၁) ဦး ဖမ်းဆီးရရှိပြီး၊ (၃) ဦး လွတ်မြောက်

ပဲခူးမြို့တွင် ဖုန်းနှင့် မော်တော်ဆိုင်ကယ်ခိုးသူများကို ရပ်ကွက်ပြည်သူများမှ ဖမ်းဆီးရာ (၁) ဦး ဖမ်းဆီးရရှိပြီး၊ (၃) ဦး လွတ်မြောက်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၄

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဟင်္သာကုန်း (၁၉) ရပ်ကွက်အတွင်းသို့ ဖုန်းနှင့် မော်တော်ဆိုင်ကယ်များ ဝင်ရောက် ခိုးယူသူများကို ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးရာ (၁) ဦး ဖမ်းဆီးရရှိပြီး (၃) ဦး လွတ်မြောက်သွား ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၄ ရက် နံနက် ၂ နာရီဝန်းကျင်တွင် ထိုရပ်ကွက်အတွင်းသို့ ဖုန်းနှင့် ဆိုင်ကယ်များလိုက်လံခိုးသူများ ကို ရပ်ကွက်နေပြည်သူများမှ လိုက်လံဖမ်းဆီးရာ (၄) ဦးအနက် (၁) ဦးကို ၎င်းတို့ခိုးယူအသုံးပြုသည့် လက်နက် ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိကြောင်း သိရသည်။

 

လွန်ခဲ့သည့်ရက်ပိုင်းကလည်း ပဲခူးမြို့ရှိ ရပ်ကွက်တစ်ချို့တွင် မော်တော်ဆိုင်ကယ်များပျောက်ဆုံးသည့် ဖြစ်စဉ် များရှိသလို ခိုးသူများကို ဖမ်းဆီးရမိခြင်းမရှိသော်လည်း ယနေ့ညတွင် ဖမ်းဆီးရရှိသည့် ကျူးလွန်သူ အမျိုးသား ကို အမှတ်(၁) ရဲစခန်း၌ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post