• Follow Us on
Latest News

Home ပဲခူးမြို့တွင် ဘုရားဆီမီးပူဇော်ရာမှတစ်ဆင့် မီးလောင်ရာ နေအိမ်တစ်လုံး ဆုံးရူံး

ပဲခူးမြို့တွင် ဘုရားဆီမီးပူဇော်ရာမှတစ်ဆင့် မီးလောင်ရာ နေအိမ်တစ်လုံး ဆုံးရူံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်၊ ရွှေကျွန်းသာလမ်းရှိ နေအိမ်တစ်လုံးတွင် ဘုရားမီးပူ ဇော်ရာမှတစ်ဆင့် မီးကူးစက်လောင်ရာ နေအိမ်တစ်လုံး ဆုံးရူံးသွားကြောင်း သိရသည်။

 

မကြာသေးမီရက်ပိုင်းက ရွှေကျွန်းသာလမ်းတွင် ၁၅ ပေပတ်လည် သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်းဖြင့် ဆောက် လုပ်နေထိုင်သည့် နေအိမ်တစ်လုံးမှ အမျိုးသားတစ်ဦးမှာ ဘုရားမီးပူဇော်ရာမှ ဘုရားစင်၏အနီးရှိ ပျဉ်ခင်း အားမီးကူးစက်လောင်ရာမှတစ်ဆင့် မီးလောင်ဆုံးရူံးခဲ့ကြောင်း သိရသည်။

 

ထိုမီးလောင်ကြောင်း သတင်းရှိသောကြောင့် ဖြစ်စဉ်နေရာသို့ ဒေသခံမီးသတ်စခန်းမှ သွားရောက်မီးငြိမ်း သတ်ခဲ့ကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူ ပြီးခဲ့သည့်လပိုင်းကလည်း မကွေးမြို့တွင် နေအိမ်တစ်လုံးမီးလောင်မှုကြောင့် အသက် (၁၄) နှစ်အရွယ် ပိုလီယိုရောဂါခံစားနေရသည့် ကလေးတစ်ဦး မီးလောင်၍ သေဆုံးခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post