• Follow Us on

Home ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေ (၂၈၄၈) အိမ်မှ လူဦးရေ (၁၂၄၆၁) ဦး ရေဘေးသင့်နေ

ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေ (၂၈၄၈) အိမ်မှ လူဦးရေ (၁၂၄၆၁) ဦး ရေဘေးသင့်နေ

Share this post

နေပြည်တော်၊ သြဂုတ် ၁၁

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေ (၂၈၄၈) မှ လူဦးရေ (၁၂၄၆၁) ဦး ရေဘေးသင့်နေရကြောင်း သိရသည်။

 

ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ်လ (၈) ရက်နေ့၊ ညပိုင်းမှစ၍ ပဲခူးမြို့နယ်အတွင်း ရပ်ကွက် (၁၁) ခု ကျေးရွာ (၆) ရွာ၌ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း (၂၉) ခုအား ဖွင့်လှစ်ထားရှိပြီး အိမ်ခြေ (၂၈၄၈)၊ အိမ်ထောင်စု (၂၉၇၃) စု၊ လူဦးရေ (၁၂၄၆၁) ဦးမှာ ရေဘေးသင့်နေရကြောင်း သိရသည်။

 

ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ် (၈၈၀) စင်တီမီတာအား ကျော်လွန်ပြီး ဩဂုတ်လ ၁၀ ရက်နေ့ မွန်း လွဲပိုင်းထိ ယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက် (၆၈) စင်တီမီတာ ကျော်လွန်ရောက်ရှိလျက်ရှိကြောင်း သိရ သည်။

 

သြဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပဲခူးတိုင်းဒေသကြီး ပြည့်မဏ္ဍိုင်အဖွဲ့သည် ပဲခူးမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအား သွားရောက်တွေ့ဆုံ၍ အားပေးနှစ်သိမ့်ကာ စုပေါင်းလှူဒါန်းပေးခဲ့ကြောင်း သိရ သည်။

 

အဆိုပါ လှူဒါန်းခဲ့ရာသို့ ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်းနှင့် တိုင်းကော်မတီဝင်များ၊ ပြည့်မဏ္ဍိုင်ပရဟိအဖွဲ့ တိုင်းတာဝန်ရှိသူများ၊ ပဲခူးမြို့နယ်မှ တာဝန်ရှိသူများ စေတနာရှင်အလှူရှင်များလိုက်ပါ၍ ပဲခူးမြို့နယ် ကလိကျေးရွာအုပ်စု အ.မ.က ကလိစာသင်ကျောင်းသို့ရောက်ရှိနေသော ရေဘေးသင့်ပြည်သူ များနှင့် ဇိုင်းမြောက်ရပ်ရှိ ရေဘေးသင့်ပြည်သူများအတွက် စုစုပေါင်း 1Liter ရေသန့်ဗူး (၄၈၀၀)ဗူး၊ ခေါက်ဆွဲ ခြောက်အထုပ်(၃၆၀၀) ထုပ်တို့အား သွားရောက်လှူဒါန်းခဲ့ပြီး၊ နောက်နေ့များတွင်လဲ ကျန်ရှိနေသောအခြား ရပ်ကွက်၊ ကျေးရွာ/အုပ်စုများသို့ ထပ်မံလှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post