• Follow Us on

Home ပဲခူးမြို့တွင် ရေများပြန်လည်ကျဆင်း

ပဲခူးမြို့တွင် ရေများပြန်လည်ကျဆင်း

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁

 

ပဲခူတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် ရေများ ပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း သိရသည်။

 

ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးမြို့ပေါ်ရှိရပ်ကွက်များတွင် ရေဝင် ရောက်မှုဖြစ်ပွားခဲ့၍ ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းဦးဆောင်၍ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်(၃၃)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ရှာဖွေကယ် ဆယ်ရေးတပ်ဖွဲ့ဝင် (၁၃၈) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေး အသင်းများနှင့် ပူးပေါင်း၍ ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ပဲခူးမြို့နယ်အတွင်း အောက်တိုဘာလ (၆) ရက်နေ့မှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှု ကြောင့် အောက်တိုဘာလ (၁၀) ရက်နေ့၊ ညနေ (၅) နာရီအထိ ယာယီရေဘေးရှောင်စခန်း (၄၇) ခု၊ ရေဘေး သင့်ပြည်သူ (၂၇၃၀၂) ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးတို့အား အခက်အခဲမရှိ ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post