ပဲခူးမြို့နယ်အတွင်း မြစ်ရေပြန်လည်ကျဆင်းသွားသဖြင့် ရေဘေးကယ်ဆယ်ရေးစခန်း (၁၃) ခုအား ပြန်လည် ပိတ်သိမ်း

PUBLISHED - August 15, 2023
နေပြည်တော်၊ သြဂုတ် ၁၅
ပဲခူးမြို့နယ်အတွင်း ပဲခူးမြစ်ရေစိုးရိမ်ရေအမှတ်အောက်ပြန်လည်ကျဆင်းသွားသဖြင့် ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ရေဘေးကယ်ဆယ်ရေးစခန်း (၁၃) ခုအား ပြန်လည်ပိတ်သိမ်းလိုက်ကြောင်း ပဲခူးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်းခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ ပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့များ၊ စေတ နာရှင်အလှူရှင်များစုပေါင်း၍ ပဲခူးမြို့နယ်အတွင်း သြဂုတ်လ ၁၀ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှု ပဲခူးမြစ်ရေရုတ်တရက်မြင့်တက်လာမှုကြောင့် ရေဘေးသင့်ခဲ့ရသော ပဲခူးမြို့နယ်၏ ရပ်ကွက်/ကျေးရွာအုပ်စု (၁၇) ခုမှ ရေဘေးသင့်ပြည်သူများနေထိုင်သော ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂၉) ခုအနက်မှ ကလိ ကျေးရွာကယ်ဆယ်ရေးစခန်း၊ ဇိုင်းမြောက်ရေဘေးကယ်ဆယ်ရေးစခန်း၊ မြို့ဦးကင်းပညာမွန်ဘုန်းတော်ကြီး ကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း၊ ကျိုက်ပွန်ဇေတဝန်ဘုန်းတော်ကြီးကျောင်း၊ ကလျာဏီရေဘေးကယ် ဆယ်ရေးစခန်း၊ အဝိုင်းကျေးရွာ၊ ရွာသစ်ရေဘေးကယ်ဆယ်ရေးစခန်း၊ မုန်တိုင်းရေဘေးကယ်ဆယ်ရေးစခန်း၊ ဘုရားသုံးဆူရေဘေးကယ်ဆယ်ရေးစခန်း၊ ဇိုင်းတောင်ဖောင်တော်ဦးကယ်ဆယ်ရေးစခန်းများသို့ အလှူငွေများ၊ 1liter ရေသန့်ဗူး ၁၂၃၇၂ဗူး ၊ ခေါက်ဆွဲခြောက်ထုပ် ၇၀၄၀ထုပ် ၊ ကြက်သား ၁၅ ပိဿာ၊ အသင့်စားထမင်းထုပ် ၂၀၀ ထုပ်၊ ဆန် ၁အိပ်၊ ဆီတစ်ပုံး ကာလတန်ဖိုး သိန်း၇၀ ကျပ်တန်ဖိုးရှိစားသောက်ဖွယ်ရာများအား သြဂုတ်လ ၁၀ ရက်နေ့မှ သြဂုတ်လ ၁၃ ရက်နေ့အထိ နယ်မြေကွင်းဆင်း၍ နေ့စဉ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်ကျော်လွန်ရောက်ရှိ လာခြင်းကြောင့် ဩဂုတ်လ(၉)ရက်နေ့မှ စတင်ပြီး ယာယီရေဘေးရှောင်စခန်း(၃၈)ခုဖွင့်လှစ်ခဲ့ပြီး ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်ခိုင်ဖြိုးပါတီ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိ တအဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ကူညီစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ရာ ယခုအခါတွင် ပဲခူးမြစ် ရေသည် စိုးရိမ်ရေအမှတ်အောက်ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ဩဂုတ်လ(၁၃)ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၁၃)ခုအား ပြန်လည်ပိတ်သိမ်းပြီး (၂၅)စခန်းကျန်ရှိနေကြောင်း သိရ သည်။
#PeopleMedia