ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၌ ကန်သာယာစာကြည့်တိုက်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

PUBLISHED - January 24, 2025
ပဲခူး၊ ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ (၂၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၌ ကန်သာယာစာကြည့်တိုက်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်တို့က ကန်သာယာစာကြည့်တိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး စာကြည့်တိုက်ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွင်းသို့ လှည့်လည် ကြည်ခဲ့ကြပြီး စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လူငယ်များစာပေဖတ်ရှုမှု များပြားလာစေရေးနှင့် စာကြည့်တိုက်အား နေ့စဉ်ဖွင့်ထားရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စာကြည့်တိုက်သို့ စာပေလာရောက်ဖတ်ရှုနေသည့် လူငယ်များအား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ပြီး စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာဆောင်များနှင့် အလှူငွေကျပ်သိန်း(၃၀) ပေးအပ်ခဲ့ကာ စာကြည့်တိုက်ဖွင့်ပွဲတွင် လာရောက်ဖျော်ဖြေခဲ့သည့် မြန်မာ့ရိုးရာအကအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်သူလယ်သမားနေ့ ကျင်းပပြုလုပ် မည့် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပညာယျစေတီတော်မြတ်ကြီးဘေး၌ စပါး၊ ပြောင်း၊ နေကြာ၊ ပဲမျိုးစုံ စံပြစိုက်ခင်းများနှင့် စားဖိုဆောင်သီးနှံစုံ စိုက်ခင်းများအား သွားရောက်ကြည့်ရှုခဲ့ပြီး ခြံလှောင် မွေးမြူရေးစနစ်များလည်း ပြသသွားရန်၊ စေတီတော်မြတ်ကြီး၏ ရင်ပြင်ပတ်လည်တွင် စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။
#PeopleMedia