• Follow Us on

Home ပဲခူးမြို့နှင့် လှည်းကူးမြို့တို့မှ ရေဘေးသင့်ပြည်သူများအား စားနက်ရိက္ခာများ သွားရောက်ထောက်ပံ့

ပဲခူးမြို့နှင့် လှည်းကူးမြို့တို့မှ ရေဘေးသင့်ပြည်သူများအား စားနက်ရိက္ခာများ သွားရောက်ထောက်ပံ့

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြို့သစ်ရပ်ကွက် ပုညကာရီဆုတောင်းပြည့် ပရိယတ္တိ စာသင်တိုက် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းသို့သွားရောက်ကာ အိမ်ထောင်စု ၂၄၅ စု၊ လူဦးရေ ၁၀၉၉ ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၂၃၀၇၉၀၀၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ရေသန့်များအား ထောက်ပံ့ ပြီး ရေဘေးရှောင်ကလေးငယ်များအတွက် အာဟာရမုန့်များပေးဝေခဲ့သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျော်ကြီးစုတာမှ ရေလျော့ကျသွားမှုအခြေအနေများကို လည်း ကောင်း၊ မြို့ဦးကင်းတံတားသို့သွားရောက်ကာ မြို့အတွင်းရေဝင်ရောက်မှုအခြေအနေကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပညာမွန်ပရိယတ္တိစာသင်တိုက် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းရှိ အိမ် ထောင်စု ၂၂၈ စုမှ လူဦးရေ ၁၀၁၉ ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေကျပ် ၂၁၃၉၉၀၀ နှင့် ခေါက်ဆွဲ ခြောက်၊ ကြက်ဥနှင့် ရေသန့်များထောက်ပံ့၍ ကလေးငယ်များအတွက် အာဟာရမုန့်များပေးဝေပြီး အားပေး စကားပြောကြားသည်။

 

ပဲခူးမြို့၌ ယနေ့အထိ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၄၁ ခုမှ ရေဘေးသင့်အိမ်ထောင်စု ၄၆၀၁ စု၊ လူဦးရေ ၁၉၀၀၉ ဦးအတွက် စုစုပေါင်းဆန်ရိက္ခာဖိုး ငွေကျပ် ၃၉၉၁၈၉၀၀ နှင့် ခေါက်ဆွဲခြောက်နှင့် ရေသန့်စုစုပေါင်း တန်ဖိုး ငွေကျပ် ၂၄၇၁၁၇၀၀ ထောက်ပံ့ပေးအပ်ပြီးဖြစ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် လှည်းကူးပညာရေး ဒီဂရီကောလိပ်တွင်တွေ့ဆုံ၍ ငမိုးရိပ်ချောင်းရေ မြင့်တက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် လှည်းကူးမြို့၌ ရေကြီးရေလျှံဖြစ်ပေါ်နေမှုအခြေအနေ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပညာ့အားမာန်ခန်းမအတွင်း ယာယီလာရောက် ခိုလှုံလျက်ရှိကြသော ရေဘေးရှောင်အိမ်ထောင်စု ၃၆၉ စုမှ ရေဘေးသင့် ပြည်သူ ၁၂၀၀ အတွက် စုစုပေါင်းဆန်ရိက္ခာဖိုးငွေကျပ် ၂၅၂၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

#PeopleMedia


Share this post