ပဲခူးမြို့ရေသည် နောက် ၁ ရက်အတွင်း ၄ လက်မခန့် မြင့်တက်လာနိုင်ကြောင်း မိုးဇလအသိပေး
PUBLISHED - September 26, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၆
ပဲခူးမြို့ရေသည် နောက် ၁ ရက်အတွင်း ၄ လက်မခန့် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ အသိပေးနှိုးဆော်ထားသည်။
ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၁ လက်မခန့် ကျော်လွန်ရောက်ရှိကြောင်း၊ အဆိုပါ မြစ်ရေသည် နောက် ၁ ရက်အတွင်း ၄ လက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၁ ပေခွဲခန့်ကျော်လွန်ရောက်ရှိ ကြောင်း၊ အဆိုပါ မြစ်ရေသည် နောက် ၁ ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိကြောင်း ထုတ်ပြန်ထားသည်။
မဒေါက်မြို့တွင်း စစ်တောင်းမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၂ပေခွဲကျော်လွန်ရောက်ရှိနေ ကြောင်း၊ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ၁ ပေခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
သို့ဖြစ်၍ ပဲခူးမြို့နယ်၊ တောင်ငူမြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် ရေဘေးလွတ်လာနေရာများသို့ ရှောင်ရှားနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ အသိပေးနှိုးဆော်ထားသည်။
#PeopleMedia