ပဲခူးမြို့ရှောင်လမ်းတွင် ကုန်တင်ယာဉ်နှင့် အိမ်စီးယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ အမျိုးသားတစ်ဦး ဒဏ်ရာရ

PUBLISHED - February 15, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅
ပဲခူးမြို့ရှောင်လမ်း၊ စာလေးကွင်းကျောင်းအနီးတွင် ကုန်တင်ယာဉ်နှင့် အိမ်စီးယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၆ နာရီ ၂၀ အချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိ သောကြောင့် ဖြစ်စဉ်နေရာသို့ မေတ္တာရွှေစင်ပရဟိတအသင်းမှ သွားရောက်၍ ဒဏ်ရာရရှိသည့် အမျိုးသားကို ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“မျက်နှာချင်းဆိုင်တိုက်မိတာ။ ယာဉ်နှစ်စီးလုံးကတော့ ပျက်စီးသွားတယ်။ အိမ်စီးယာဉ်ထဲမှာ နှစ်ယောက် လိုက်လာတာ။ ဘေးမှာထိုင်လိုက်တဲ့အမျိုးသား ဒဏ်ရာရတယ်။ ကျန်တဲ့သူတွေဘာမှမဖြစ်ဘူး” လို့ မေတ္တာရွှေ စင်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးမှ People Media သို့ပြောသည်။
အဆိုပါဒဏ်ရာရရှိသည့် အမျိုးသားမှာ အသက်(၄၀) ဝန်းကျင်ရှိကြောင်း၊ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း သိရသည်။
Photo – Credit
#PeopleMedia