• Follow Us on
Latest News

Home ပဲခူးမြို့သို့ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များ စေလွှတ်

ပဲခူးမြို့သို့ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များ စေလွှတ်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၉

 

ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိသည့် ပဲခူးမြို့သို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး (အထူး)တပ်ဖွဲ့ဝင်များ ယနေ့ နံနက်ပိုင်းက စေလွှတ်လိုက်ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

အောက်တိုဘာ ၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ် ရေမြင့်တက်ပြီး ရေဝင်ရောက်မှုများဖြစ်ပွားသဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေမီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေဘေးသင့်ပြည်သူများအား နီးစပ်ရာဘုန်းတော်ကြီး ကျောင်းများနှင့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

 

အဆိုပါ ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးဒုက္ခကြုံတွေ့နေရသော နေရာများတွင် အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးဆောင်ရွက်နေကြသည့် ပဲခူးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဝင်များနှင့် တွဲဖက်အင်အားဖြည့်ကာ ရေဘေးသင့်ပြည်သူများကို စွမ်းအားမြှင့်ကူညီဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး (အထူး)တပ်ဖွဲ့ဝင်များသည် ရေပြင်ရှာဖွေကယ်ဆယ်ရေးသုံး ရေယာဉ်/ စက်ပစ္စည်းကိရိ ယာများ၊ ရေပြင်ကယ်ဆယ်ရေးဆိုင်ရာ တစ်ကိုယ်ရေသုံးဝတ်စုံပစ္စည်းကိရိယာ စုံလင်စွာဖြင့် ယနေ့မနက် နံနက် ၉ နာရီ ၂၀ တွင် စတင်ထွက်ခွာသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post