ပဲခူးမြို့၊ စေတဝန်ဘုန်းကြီးကျောင်းတွင် မီးလောင်မှုဖြစ်ပွား
PUBLISHED - September 16, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ စေတဝန်ကျောင်းလမ်း၊ စေတဝန်ဘုန်းကြီးကျောင်းတွင် စက်တင်ဘာလ ၁၆ ရက်နေ့၊ ည ၁၂ နာရီ ၁၀ အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးတိုင်းမီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အထောက် အကူပြုယာဉ်(၁)စီး၊ ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ပဲခူးမြို့ နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပဲခူးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီ ၃၅ အချိန်တွင် မီးငြိမ်းခဲ့ ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်တစ်ဆောင်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
#PeopleMedia