• Follow Us on
Latest News

Home ပဲခူး-ရန်ကုန်-ပဲခူး DEMU ရထားဘူတာများ၌ လက်တန်းပါသံလှေကားများ စီစဉ်ထား

ပဲခူး-ရန်ကုန်-ပဲခူး DEMU ရထားဘူတာများ၌ လက်တန်းပါသံလှေကားများ စီစဉ်ထား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၈

 

ပဲခူး-ရန်ကုန်နှင့် ရန်ကုန်-ပဲခူးခရီးစဉ်အမှတ်(၁၆) အစုန်၊ အမှတ်(၁၅)အဆန် လေအေးစက်တပ် ခေတ်မီဒီ ဇယ်လျှပ်စစ်(DEMU)ရထား ခရီးသည်စီးနင်းမှုများပြား၍ ဘူတာများ၌ လက်တန်းပါသံလှေကားများ စီစဉ်ထားရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

ခရီးသွားပြည်သူများ လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီး၌ လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီး ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းများ အသုံးပြု၍ ပဲခူး-ရန်ကုန် – ပဲခူး ခရီးစဉ်ကို ပြေးဆွဲပေးလျက်ရှိရာ ရထားစီးခရီးသည် စီးနင်းမှုများပြား လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အမှတ်(၁၆)အစုန် ပဲခူး-ရန်ကုန် DEMU ရထားသည် ပဲခူးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက် ၈ နာရီ မိနစ် ၂၀ တွင် ရောက်ရှိပြီး အမှတ် (၁၅)အဆန် ရန်ကုန်-ပဲခူး DEMU ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ည ၇ နာရီ ၅ မိနစ်တွင် ရောက်ရှိကြောင်း သိရသည်။

 

လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ စုစုပေါင်း ၁၂ ဘူတာ၌ ရပ်တန့်ပေးကြောင်း သိရသည်။

 

#PeopleMedia


Share this post