ပဲနွယ်ကုန်းမြို့တွင် ဒရုန်းပစ်ချတိုက်ခိုက်ခံရ၍ ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရ
PUBLISHED - January 9, 2024
နေပြည်တော်၊ ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရွှေချောင်းကျေးရွာသို့ KNU/ PDF များမှ ဒရုန်းဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် နေအိမ်ရှေ့တွင် ထိုင်နေသည့် ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဇန်နဝါရီလ ၇ ရက် မွန်းလွဲ ၃ နာရီကျော်တွင် ရွှေချောင်းကျေးရွာတွင် နေထိုင်သည့် ဦးဇော်ဦး၏ နေအိမ်အရှေ့ ဘက် (၂) မိုင်ခန့်အကွာရှိ ကြိမ်ခါးကုန်းကျေးရွာဘက်မှ KNU/PDF များမှ Drone ဖြင့် အမြင့်ပေ ၅၀၀ ခန့်မှ Drop Bomb ၁ လုံး ပစ်ချကြောင်း သိရသည်။
ထိုဒရုန်းပစ်ချတိုက်ခိုက်ခံရမူကြောင့် အသက်(၄၁)နှစ်အရွယ် ဦးဇော်ဦးမှာ ကျောကုန်းဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ကြောင်း၊ ၎င်း၏ဇနီးဖြစ်သူ အသက်(၅၆)နှစ်အရွယ် ဒေါ်အေးပြုံးမှာ ညာဘက် တင်ပါးဗုံးစ ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ကြောင်း ထိုနှစ်ဦးကို ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံမှတစ်ဆင့် တောင်ငူ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသမူခံယူရကြောင်း သိရသည်။
Photo – Credit
#PeopleMedia