ပံျသန်းမှုအကွာအဝေးတိုးမြှင့်ထားတဲ့ ချင်းနွတ်ရဟတ်ယာဉ် ၁၄ စင်း ဗြိတိန်ဝယ်ယူမည်
PUBLISHED - March 16, 2024
နိုင်ငံတကာ၊ မတ် ၁၆
ဗြိတိန်အစိုးရဟာ ပျံသန်းနိုင်မှုအကွာအဝေးတိုးမြှင့်ထားတဲ့ အမေရိကန်ထုတ် CH-47F ချင်းနွတ်ရဟတ်ယာဉ် ၁၄ စင်း ဝယ်ယူဖို့ ကန်ထရိုက်စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။
စစ်သည်နဲ့ ဝန်စည်အများအပြားသယ်ယူပို့ဆောင်ရေးစွမ်းရည် မြှင့်တင်ဖို့နဲ့ သဲကန္တာရနဲ့ အာတိတ်ရေခဲပြင်ဒေသ တို့လို ပတ်ဝန်းကျင်အပြောင်းအလဲတွေမှာ ဆောင်ရွက်နိုင်စွမ်းရှိဖို့ ဗြိတိန်နိုင်ငံရဲ့ကြိုးပမ်းမှုတွေထဲက အစိတ်အ ပိုင်းတစ်ရပ်အဖြစ် အခုလို ချင်းနွတ်ရဟတ်ယာဉ်တွေ ဝယ်ယူဖို့ စာချုပ်ချုပ်လိုက်တာဖြစ်ပါတယ်။
အဲဒီချင်းနွတ်ရဟတ်ယာဉ်တွေဟာ ရဟတ်ယာဉ်အခြေပြုစစ်ဆင်ရေးတွေမှာ ဗြိတိန်တပ်မတော်ရဲ့စစ်ဆင်နိုင် စွမ်းကို နှစ်ဆမြှင့်တင်သွားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မကြာခင်ရောက်ရှိလာမယ့် အဲဒီရဟတ်ယာဉ်တွေကို ဝေဟင်မှာပဲဆီဖြည့်နိုင်သလို အဆင့်မြှင့်တင် ထားတဲ့ ရဟတ်ယာဉ်ကိုယ်ထည်နဲ့ ခေတ်မီဒစ်ဂျစ်တယ်လေသူရဲအခန်းတို့က စစ်သည်တွေအတွက် တည်ငြိမ် မှုနဲ့ ရှင်သန်မှုကို မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။
CH-47F ချင်းနွတ်ရဟတ်ယာဉ်ဟာ အမြင့်ဆုံး တစ်နာရီကို ကီလိုမီတာ ၃၀၀ (မိုင် ၁၉၀) ပျံသန်းနိုင်ပြီး စစ်သည် ၅၅ ဦး ဒါမှမဟုတ် လက်နက်ခဲယမ်း/ရိက္ခာ ကီလိုဂရမ် ၁၀,၀၀၀ (ပေါင် ၂၂,၀၀၀) တင်ဆောင်သွားနိုင်ပါတယ်။
ဗြိတိန်စစ်လက်နက်ပစ္စည်းဝယ်ယူရေးနဲ့ ထောက်ပံ့ရေးအဖွဲ့နဲ့ အမေရိကန်အစိုးရတို့ ညှိနှိုင်းမှုအရ ရဟတ်ယာဉ် ဝယ်ယူမှုကုန်ကျစရိတ်ကို ပေါင် သန်း ၃၀၀ (ဒေါ်လာ ၃၈၂ သန်း) အထိ လျှော့ပေးခဲ့ကြောင်း ဗြိတိန်ကာကွယ် ရေးအေဂျင်စီက ပြောပါတယ်။
ဒါ့အပြင် အနာဂတ်ကာလ ချင်းနွတ်ရဟတ်ယာဉ်တွေ ထုတ်လုပ်ရေး/ပြုပြင်ထိန်းသိမ်းရေးနဲ့ ဆက်နွယ်တဲ့ အရေး ကြီးတဲ့စက်ပစ္စည်းအစိတ်အပိုင်းတွေကို ဗြိတိန်နိုင်ငံတွင်းက ကုမ္ပဏီတွေကပဲ ထုတ်လုပ်သွားဖို့ ပြည်ပနိုင်ငံစစ် လက်နက်ပစ္စည်းရောင်းဝယ်ရေးအစီအစဉ်က ခွင့်ပြုသွားဖို့ စဉ်းစားသွားမှာဖြစ်ပါတယ်။
အဲဒီအစီအစဉ်ဟာ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးကို ပေါင် ၁၅၁ သန်း (ဒေါ်လာ ၁၉၂ သန်း) ထောက်ပံ့ပေးသွားမှာ ဖြစ်သလို ဗြိတိန်နိုင်ငံတွင်း လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းနဲ့ အီလက်ထရစ်စွမ်းအင်နယ်မြေမှာ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးခြင်းအားဖြင့် ပြည်တွင်းစက်မှုလုပ်ငန်းကို မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။
“အခုလို ချင်းနွတ်ရဟတ်ယာဉ်တွေဝယ်ယူမှုဟာ ဗြိတိန်တပ်မတော်ကို ခေတ်မီပြီး အဆင့်မြင့်လာအောင်ဆောင် ရွက်တဲ့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေထဲက သမိုင်းမှတ်တိုင်တစ်ခုဖြစ်သလို ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းတဲ့အခြေ အနေမှာရော ခြိမ်းခြောက်မှုတွေရှိနေတဲ့အချိန်မှာပါ ကျွနတော်တို့ရဲ့ တုံ့ပြန်နိုင်စွမ်းကို အားဖြည့်ပေးလိုက်တာ လည်း ဖြစ်ပါတယ်။” လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်က ပြောပါတယ်။
“ချင်းနွတ်ရဟတ်ယာဉ်တွေကို ဖောက်ကလန်ကျွန်းစစ်ပွဲစတင်ကတည်းက အဓိက စစ်ပွဲတိုင်းမှာ အသုံးပြုခဲ့ပြီး ဖြစ်တာကြောင့် ဒီရဟတ်ယာဉ်ဟာ ကျွန်တော်တို့ရဲ့ ခေတ်အစားဆုံး/လူကြိုက်အများဆုံး ရဟတ်ယာဉ်တွေထဲ က အမျိုးအစားတစ်ခုပါပဲ။ ဒီရဟတ်ယာဉ်တွေ ပို့ဆောင်ပေးတာဟာ ကျွန်တော်တို့စွမ်းရည်ကို မြှင့်တင်ပေးရုံသာ မက ဗြိတိန်နိုင်ငံရဲ့ စက်မှုလုပ်ငန်းနဲ့ ကျွမ်းကျင်မှုကိုပါ မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။” လို့ ၎င်းကပြောပါတယ်။
ဗြိတိန်နိုင်ငံဟာ အမေရိကန်ကြည်းတပ်ထံက CH-47 ချင်းနွတ်ရဟတ်ယာဉ်တွေကို နှစ်အကြာဆုံး အသုံးပြုနေ တဲ့ နိုင်ငံတွေထဲက နိုင်ငံတစ်ခုဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံဟာ ၎င်းတို့ရဲ့ ဘဲလ်ဗတ်ဒီးယားရဟတ်ယာဉ် (Belvedere) တွေနဲ့ ဝတ်ဆက်ရဟတ်ယာဉ် (Wessex) တွေကို အစားထိုးဖို့အတွက် ချင်းနွတ်ရဟတ်ယာဉ် (Chinook) တွေကို ၁၉၈၀ ပြည့်လွန်နှစ်တွေက တည်းက အသုံးပြုလာခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ဟာ ၂၀၄၀ ပြည့်လွန်နှစ်တွေအထိ သက်တမ်းရှိတဲ့ အဆင့်မြင့် ချင်းနွတ်ရဟတ် ယာဉ် ၁၆ စင်းကို ဗြိတိန်နိုင်ငံကိုရောင်းချပေးဖို့ ၂၀၁၈ ခုနှစ်က သဘောတူခွင့်ပြုခဲ့ပါတယ်။
Ref: UK Buys 14 Chinook Extended Range Helicopters from US
#PeopleMedia