ပျော်ဘွယ်မြို့တွင် အုပ်ချုပ်ရေးမှူးအား သတ်ဖြတ်သွားသူ PDF ၃ ဦးအနက် ၁ ဦးကို အသေဖမ်းဆီးရမိ
PUBLISHED - September 25, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့၊ ပေပင်ရှည်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ အုပ်ချုပ် ရေးမှူး ဦးလှမြင့်ကို နေအိမ်၌ လာရောက်သတ်ဖြတ်သွားသူ PDF ၃ ဦးအနက် ၁ ဦးကို လက်နက်များနှင့်အတူ အသေဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂၃ ရက် ညနေ ၆ နာရီကျော်တွင် PDF များမှ ဦးလှမြင့်၏နေအိမ်သို့ မော်တော်ဆိုင်ကယ်များ ဖြင့် ရောက်ရှိလာပြီး ထိုဦးလှမြင့်ကို သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားကြောင်း၊ ထိုသတင်းကို တာဝန်ရှိသူများ မှ သတင်းရရှိသောကြောင့် PDF များကို လိုက်လံပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုလိုက်လံပစ်ခတ်မှုကြောင့် ပျော်ဘွယ်-နတ်မောက်ကားလမ်း မိုင်တိုင် (၂၁/၁) တောင်ညောင်ကုန်းတိုက်နယ် ဆေးရုံရှေ့တွင် PDF များနှင့် လုံခြုံရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ရာတွင် PDF (၃) ဦးအနက် (၂) ဦးမှာ လွတ်မြောက်သွားပြီး သေဆုံးသွားသည့် အသက် (၂၁) နှစ်အရွယ် PDF ရဲနိုင်မှာ မကွေးတိုင်းဒေသကြီး၊ မြို့ သစ်မြို့နယ်၊ ကုလားရှည်ကျေးရွာအုပ်စု၊ အိုင်းမကျေးရွာ အဘ ဦးမြင့်ကျော်၏ သားဖြစ်ကြောင်း သိရသည်။
ထို PDF ရဲနိုင် ကိုင်ဆောင်သည့် ၁၂ ဗို့ကျည် ၃၀ တောင့်၊ ၇.၆၂ ကျည် ၃၁ တောင့်၊ ကျည်ခါးပတ် ၁ ခု၊ အရိုး/ အသွား ၆ လက်မရှိသည့် စတီးဓား ၁ ချောင်းနှင့် မော်တော်ဆိုင်ကယ်တစ်စီးအား သိမ်းစီးရရှိခဲ့ကြောင်း သိရ သည်။
Photo – Credit
#PeopleMedia