ပျော်ဘွယ်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင်ဟောင်းတစ်ဦးကို PDF က သေနတ်ဖြင့် ပစ်ခတ်
PUBLISHED - January 31, 2024
နေပြည်တော်၊ ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပျော်ဘွယ်-နတ်မောက်သွားကားလမ်း၊ မိုင်တိုင်အမှတ် ၂၂/၃၊ တောင်ညောင်ကုန်းကျေးရွာတွင် နေထိုင်သည့် ကြံ့ခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင်ဟောင်းတစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
ဇန်နဝါရီလ (၃၀) ရက် ညနေ (၆) နာရီ (၄၅) မိနစ်အချိန်က တောင်ညောင်ကုန်းကျေးရွာတွင် နေထိုင်သည့် ဦးတင်မိုးအောင်သည် နေအိမ်တွင်ရှိနေစဉ် PDF အဖွဲ့ဝင် (၄) ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် (၅) ချက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ဦးတင်မိုးအောင်တွင် သေနတ်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
၎င်းနောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် PDF အဖွဲ့ဝင်များအနေသည် ပျော်ဘွယ်-နတ်မောက်သွား ကားလမ်းအတိုင်း နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရှိရသည်။
#PeopleMedia