• Follow Us on

Home ပျော်ဘွယ်မြို့နယ်တွင် တံတားမိုင်းထောင်နေသည်ကို မြင်တွေ့သည့် ကလေးငယ်တစ်ဦးကို PDF အဖွဲ့ဝင်များ မှ ပစ်သတ်

ပျော်ဘွယ်မြို့နယ်တွင် တံတားမိုင်းထောင်နေသည်ကို မြင်တွေ့သည့် ကလေးငယ်တစ်ဦးကို PDF အဖွဲ့ဝင်များ မှ ပစ်သတ်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ သရဲချောင်း တံတားတွင် မိုင်းထောင်နေသည်ကို မြင်တွေ့သည့် ကလေးငယ်တစ်ဦးကို PDF အဖွဲ့ဝင်များမှ ပစ်သတ်လိုက် ကြောင်း သိရသည်။

 

နိုဝင်ဘာလ (၂၁) ရက် နေ့လယ် (၁၂) နာရီ (၄၀) မိနစ်ခန့်က ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေးလမ်း ဟောင်းရှိ သရဲချောင်းတံတားအား PDF အဖွဲ့ဝင်များမှ မိုင်းလာထောင်ကြောင်း သိရသည်။

 

PDF အဖွဲ့ဝင်များ မိုင်းထောင်နေသည်ကို အနီးနားရှိ ဘူးခွံကောက်သည့် ကလေးငယ်တစ်ဦးမှ တွေ့မြင်သွား သဖြင့် အဆိုပါ ကလေးငယ်အား PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြော ကြားချက်အရ သိရသည်။

 

ယင်းနောက်တွင် PDF အဖွဲ့ဝင်များသည် ဟင်းခွတ်အိုင်ကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှင်းလင်းနေကြောင်း သိရသည်။

 

#PeopleMedia


Share this post