• Follow Us on

Home ပျော်ဘွယ်မြို့နယ်တွင် ထမင်းစားနေသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF က ပစ်သတ်

ပျော်ဘွယ်မြို့နယ်တွင် ထမင်းစားနေသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF က ပစ်သတ်

Share this post

နေပြည်တော်၊ ဧပြီ ၁

 

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဃဲကြီးကျေးရွာအုပ်စု၊ ဒီးဒုတ်ကုန်းကျေးရွာတွင် ထမင်းစားနေသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရ သည်။

 

မတ်လ (၃၀)ရက် မွန်းလွဲ (၁)နာရီ (၄၅)မိနစ်ခန့်က ဒီးဒုတ်ကုန်းကျေးရွာတွင် နေထိုင်သည့် ဃဲကြီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးတင့်သည် ၎င်း၏ဇနီး ဖြစ်သူ ဒေါ်ခင်မြိုင်၊ တစ်ရွာတည်းနေ ဒေါ်ယဉ်မေတို့နှင့် အတူနေအိမ်၌ ထမင်းစားနေစဉ် PDF (၂) ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်အတို (၂) လက် ဖြင့်၊ (၆)ချက်ခန့် ပစ်ခတ်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

 

ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး ဦးစိုးတင့် (၅၄)နှစ်တွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝမ်းဗိုက်အလယ် ကျည်ဖောက်ဝင် ဒဏ်ရာ (၂)ချက်၊ ဝဲနံဘေး ကျည်ဖောက်ဝင်ဒဏ်ရာ (၂)ချက်တို့ ရရှိကာ အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားခဲ့ပြီး ဒေါ်ယဉ်မေတွင် ဝဲရင်ဘတ် အောက်ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက် (စိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့သဖြင့် တောင်ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရ သည်။

 

ယင်းနောက်တွင် အခင်းဖြစ်ပွါးသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးရာတွင် 9MM LUCER PMC တံဆိပ်ပါ ကျည်ခွံ ၄ တို့အား တွေ့ရှိခဲ့ရကြောင်း သိရသည်။ ဒီးဒုတ်ကုန်းကျေးရွာသည် ပျော်ဘွယ်- နတ်မောက် ကားလမ်း၏ ယာဘက် ရန်ကုန်- မန္တလေးအမြန်လမ်း၏ အနောက်ဘက်တွင် တည်ရှိသည့် ကျေးရွာဖြစ်သည်။

 

#PeopleMedia


Share this post