• Follow Us on
Latest News

Home ပျော်ဘွယ်မြို့နယ်ရှိ ရန်ကုန်- မန္တလေး လမ်းဟောင်းတွင် PDF ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက် ကွဲပြီး အမျိုးသား (၂) ဦး ဒဏ်ရာရရှိ

ပျော်ဘွယ်မြို့နယ်ရှိ ရန်ကုန်- မန္တလေး လမ်းဟောင်းတွင် PDF ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက် ကွဲပြီး အမျိုးသား (၂) ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၉

 

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပေကုန်းကျေးရွာအနီးရှိ ရန်ကုန်- မန္တလေးလမ်းဟောင်း မိုင်တိုင် (၂၈၄/၂) အနီးတွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲပြီး ဆိုင်ကယ်စီးနင်လာသည့် အမျိုးသား (၂) ဦး ဒဏ်ရာ ရရှိခဲ့သည်။

 

ဇန်နဝါရီလ (၁၈) ရက် မွန်းလွဲ (၃) နာရီအချိန်က ပေကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် (၂၈၄/၂) အနီးတွင် PDF များထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် ပျော်ဘွယ်မြို့မှ ရမည်းသင်းမြို့သို့ ဆိုင်ကယ်ဖြင့် သွားလာသည့် ပြည့်ဖြိုးအောင် (၂၈) နှစ်တွင် ယာခြေသလုံး မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ယာလက်မောင်းမိုင်းစထိမှန် ဒဏ်ရာ ၁ ချက်၊ ပေါင်း ၂ ချက်(မစိုးရိမ်ရ)၊ ထက်အောင်လင်း (၂၂) နှစ်တွင် ယာပေါင်/ယာခြေသလုံး/ယာချိုင်း/ ခါးယာဘက်တို့တွင် မိုင်းစထိမှန်ဒဏ်ရာစုစုပေါင်း ၄ ချက်(မစိုးရိမ်ရ)တို့ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းနောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ပွါးသည့်နေရာသို့ သွားရောက်စစ်ဆေးရာတွင် အရှည် ပေ ၂၀ ခန့်ရှိ ဝါယာကြိုး ၁ ချောင်း၊ ပေ ၄၀ ခန့်ရှိ နိုင်လွန်ကြိုး ၁ ချောင်း၊ ဆိုင်ကယ် Battery ၁ လုံးတို့အား သိမ်း ဆည်းရှိခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်ကလည်း ပျော်ဘွယ်မြို့နယ် တမာကုန်းကျေးရွာအနီး ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ်ရှိ တံတားအား PDF အဖွဲ့ဝင်များမှ မိုင်းခွဲရန်လာရောက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ လိုက်လံရှင်းလင်းခဲ့သည်။

 

#PeopleMedia


Share this post