• Follow Us on

Home ပျော်ဘွယ်မြို့နယ် ရေလည်ကွေ့ (မြောက်)ရွာတွင် ဘောလုံးပြိုင်ပွဲ အကြောင်းပြကာ လောင်းကစားဝိုင်းများ ပြုလုပ်နေ

ပျော်ဘွယ်မြို့နယ် ရေလည်ကွေ့ (မြောက်)ရွာတွင် ဘောလုံးပြိုင်ပွဲ အကြောင်းပြကာ လောင်းကစားဝိုင်းများ ပြုလုပ်နေ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ရွှေအုပ်စု၊ ရေလည်ကွေ့ (မြောက်) ရွာတွင် ကျေးရွာဘောလုံးပြိုင်ပွဲများ အကြောင်းပြကာ လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း သိရသည်။

 

လောင်းကစားဝိုင်းကို ရေလည်ကွေ့ (မြောက်) ရွာဘေးတွင် ပြုလုပ်နေပြီး တစ်ကြိမ်ပြုလုပ်လျှင် (၂)လခန့် ကြာမြင့်ကြောင်းနှင့် ညနေ (၂)နာရီခန့်မှ စတင်ပြုလုပ်ပြီး ည(၁၀)နာရီခန့်မှသာ ရုပ်သိမ်းသွားကြောင်း သိရသည်။

 

“သူတို့က (၃)လ တစ်ခါလောက်ကို ဘောလုံးပွဲအကြောင်းခံပြီး ဂလုံးဂလုံး ဝိုင်းတွေ လုပ်နေတာ။ တစ်ခါလုပ်ရင် (၂)လ လောက်ကြာတယ်။ ညနေ (၂)နာရီလောက်ကနေ စလုပ်တာ ည (၉)ခွဲ (၁၀)နာရီလောက်မှ သိမ်းတာ။ လက်ရှိကတော့ ဦးငွေလင်းခိုင် ဆိုတဲ့သူက ဦးဆောင်လုပ်နေတယ်လို့ သိရတယ်” ဟု ပျော်ဘွယ်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ လောင်းကစားဝိုင်းများကြောင့် ကျေးရွာအတွင်းတွင် ရှိသမျှ ပစ္စည်းဥစ္စာများကို ပေါင်နှံရောင်းချသူများ များပြားလာပြီး သူခိုးများလည်း များပြားလာခြင်းကြောင့် ရွာနီးချုပ်စပ် ပြည်သူများ ဒုက္ခရောက်နေကြကြောင်း ပျော်ဘွယ်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

 

“ကျွန်တော်တို့ရွာတွေဆိုရင် တောသူတောင်သားတွေဆိုတော့ လက်လုပ်လက်စားသမားတွေလေ။ တချို့ဆို နားတောင်းတွေပေါင်၊ လက်စွပ်တွေပေါင်၊ ဖုန်းတွေပေါင် အဲလို ပေါင်ပြီး လောင်းကစားလုပ်ကြတာ။ အဲတော့ ရွာနီးချုပ်စပ်သူတွေ တော်တော်ဒုက္ခရောက်နေကြတာ။ အဲလိုတွေ ကြားနေရတော့ စိတ်မကောင်းလို့ ပြောပြတာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။

 

ရေလည်ကွေ့ (မြောက်)ရွာသည် ပျော်ဘွယ်မြို့နှင့် (၂)မိုင်ခန့်သာ ကွာဝေးပြီး ပျော်ဘွယ်- မိတ္ထီလာသွား ကားလမ်းမ ဘေးတွင် တည်ရှိသည်။

 

#PeopleMedia


Share this post