• Follow Us on

Home ပျံသန်းနိုင်တဲ့အကွာအဝေးတိုးမြှင့်ထားတဲ့ MQ-9A ER ဒရုန်း ပထမအသုတ် ၈ စင်း အမေရိကန်မရိန်းတပ် လက်ခံရရှိ

ပျံသန်းနိုင်တဲ့အကွာအဝေးတိုးမြှင့်ထားတဲ့ MQ-9A ER ဒရုန်း ပထမအသုတ် ၈ စင်း အမေရိကန်မရိန်းတပ် လက်ခံရရှိ

Share this post

နိုင်ငံတကာ၊ မေ ၃

 

အမေရိကန်မရိန်းတပ်ဟာ ပျံသန်းနိုင်တဲ့ အကွာအဝေးမြှင့်တင်ထားတဲ့ MQ-9A Extended-Range (ER) ဒရုန်း ပထမအသုတ် ၈ စင်းကို General Atomics ကုမ္ပဏီထံက လက်ခံရရှိကြောင်း သိရပါတယ်။

 

မရိန်းတပ်ဖွဲ့ရဲ့ ဝေဟင်-မြေပြင် တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်စီံမံကိန်းအစိတ်အပိုင်းတစ်ရပ်အဖြစ် စစ် ဆင်ရေးအမျိုးမျိုးကို အထောက်အကူပြုနိုင်ဖို့အတွက် MQ-9A ER ဒရုန်းတွေကို အသစ်ဖွဲ့စည်းလိုက်တဲ့ အ မှတ် ၂ မရိန်းတပ်ဖွဲ့မောင်းသူမဲ့ လေယာဉ်လေ့ကျင့်ရေးအုပ် (VMUT-2) အတွက် ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။

 

အခုလို MQ-9A ER ဒရုန်းတွေပို့ဆောင်လိုက်တာဟာ ခေတ်မီလက်နက်စနစ်တွေနဲ့ပတ်သက်ပြီး General Atomics ကုမ္ပဏီနဲ့ အမေရိကန်မရိန်းတပ်ဖွဲ့ USMC ကြားက လက်ရှိ မိတ်ဖက်ဆက်ဆံရေးကို ထပ်ဟပ်ပေါ်လွင် စေကြောင်း ကုမ္ပဏီဒုတိယဥက္ကဋ္ဌ ပက်ထရစ်ရှော့တ်စလိဗ်က ပြောပါတယ်။

 

“General Atomics ကုမ္ပဏီဟာ USMC ရဲ့ စာချုပ်ချုပ်ဆိုထားတဲ့ မိတ်ဖက်တိုက်ခိုက်ရေးသမားအဖြစ် လေးငါး နှစ် တာဝန်ထမ်းဆောင်လာခဲ့ပြီးဖြစ်ပါတယ်။ USMC အတွက် VMUT-2 ရဲ့ လေကြောင်းတပ်ဖွဲ့ဝင်တွေ ထုတ် လုပ်နိုင်တဲ့စွမ်းရည်ဟာ USMC ရဲ့ စွမ်းရည်အတွက် ကြီးမားလှတဲ့အောင်မြင်မှုဖြစ်ပါတယ်။” လို့ ၎င်းကပြောပါ တယ်။

 

အမေရိကန်မရိန်းတပ်ဖွဲ့ USMC အတွက် MQ-9A ER ဒရုန်း ၈ စင်း ထုတ်လုပ်ပေးဖို့အတွက် အမေရိကန်ရေ တပ်ဟာ ၂၀၂၂ ခုနှစ် မေလအတွင်းက General Atomics ကုမ္ပဏီနဲ့ ဒေါ်လာ ၁၃၆ သန်းတန်ကြေးရှိ ကန်ထ ရိုက်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

 

MQ-9A ER ဒရုန်းဟာ တောင်ပံမှာ လောင်စာဆီထည့်သွင်းနိုင်တဲ့ pod တွေပါရှိသလို လေယာဉ်ဘီးတွေကို လည်း ပိုမိုအားဖြည့်ထားတယ်လို့ဆိုပါတယ်။

 

MQ-9A ဒရုန်းဟာ တစ်ဆက်တည်း ၂၇ နာရီကြာပျံသန်းနိုင်သလို MQ-9A ER ဒရုန်းကတော့ တစ်ဆက်တည်း နာရီ ၃၀ ကျော်ပျံသန်းနိုင်ပါတယ်။

 

ကနဦး MQ-9A ဒရုန်းရဲ့ စစ်ဆင်ရေးဆောင်ရွက်နိုင်တဲ့အကွာအဝေးဟာ ၁၁၅၀ မိုင်ဖြစ်ပေမဲ့ MQ-9A ER ဒရုန်း ရဲ့ စစ်ဆင်ရေးဆောင်ရွက်နိုင်တဲ့အကွာအဝေးဟာ ၁၆၁၁ မိုင်ရှိတယ်လို့ ဆိုပါတယ်။

 

Ref: US Marine Corps Receives First Extended-Range MQ-9A Reaper Drone

 

#PeopleMedia


Share this post