• Follow Us on
Latest News

Home ပြင်စည် လျှပ်စစ်ဓာတ်အားခွဲရုံကို လက်လုပ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး အသေးစား ဒဏ်ရာရ

ပြင်စည် လျှပ်စစ်ဓာတ်အားခွဲရုံကို လက်လုပ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး အသေးစား ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာအနီးရှိ ပြင်စည် လျှပ်စစ်ဓာတ်အားခွဲစက်ရုံကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ လက်လုပ်ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး အသေးစား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ (၂)ရက် နံနက် (၆)နာရီခွဲအချိန်ခန့်က ပြင်စည်လျှပ်စစ်ဓာတ်အားခွဲစက်ရုံအား စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ နွားထိုးကြီးမြို့နယ် ထန်းတောကြီးကျေးရွာနှင့် တက်စည်ကျေးရွာကြားမှ လက်လုပ်ဒရုန်းဖြင့် အမြင့်မီတာ (၁၀၀၀) ခန့်မှ ဒရော့ဗုံး (၁၀)လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည်။

 

ယင်းအပြင် လျှပ်စစ်ဓာတ်အားခွဲစက်ရုံ မြောက်ဘက်နှင့် အနောက်ဘက် (၂)ဖာလုံခန့်ရှိ ကွင်းပြင်၊ ခြုံပုတ်များ အတွင်းမှ စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ဓာတ်အားခွဲစက်ရုံဝန်း အရှေ့ဘက်ရှိ ဘန်ကာတွင် လုံခြုံရေးဆောင်ရွက်နေသည့် ဒုရဲအုပ်တစ်ဦး၏ ယာလက်ဖျံ ပေါက်ပြဲ သွေးထွက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး ရဲတပ်သားတစ်ဦး၏ ဝဲဘက်ခါးနှင့် ပေါင်တို့တွင် ပေါက်ပြဲသွေးထွက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။

 

#PeopleMedia


Share this post