ပြင်သစ်စာသင်ကျောင်းတွေမှာ မူဆလင်အမျိုးသမီးတွေဝတ်တဲ့ အဘယာဝတ်ရုံရှည် ဝတ်ဆင်ခွင့် ပိတ်ပင် တော့မည်

PUBLISHED - August 29, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၉
ပြင်သစ်နိုင်ငံက စာသင်ကျောင်းတွေမှာ လာမယ့်စာသင်နှစ်မတိုင်ခင် မူဆလင်အမျိုးသမီးတွေဝတ်ဆင်တဲ့ အဘ ယာဝတ်စုံကို ဝတ်ဆင်ခွင့်မပြုဘဲ တားမြစ်သွားမှာဖြစ်ကြောင်း ပြင်သစ်အစိုးရက ပြောကြားလိုက်ပါတယ်။
စက်တင်ဘာလကစမယ့် စာသင်နှစ်သစ်မှာ စာသင်ကျောင်းတွေမှာ မူဆလင်အမျိုးသမီးတွေဝတ်ဆင်တဲ့ဝတ်ရုံ ရှည်ကြီးတွေကို ဝတ်ဆင်ခွင့်မပြုတော့ကြောင်း ပြင်သစ်ပညာရေးဝန်ကြီး ဂေဘီရယ်လ်အတ်တယ်လ်က ပြောပါ တယ်။
“အစိုးရကျောင်းတွေဆိုတာ အလွန်တင်းကျပ်တဲ့ တန်ဖိုးတွေ၊ အခြေခံမူတွေနဲ့ တည်ထောင်ထားတာဖြစ်ပါ တယ်။ အထူးသဖြင့် လိုင်စီးတစ် (laïcité) အရဖြစ်ပါတယ်။” လို့ ၎င်းက ပြောကြားသွားပါတယ်။
အဲဒီလိုပြော ကြားရာမှာ နိုင်ငံရဲ့အင်စတီကျူးရှင်းတွေနဲ့ ဘာသာရေးတွေကို ခွဲခြားထားတဲ့စကားလုံးဖြစ်တဲ့ ပြင်သစ်ဝေါဟာ ရ “လိုင်စီးတစ်” ကို အသုံးပြုသွားပါတယ်။
“ကျွန်တော့်အတွက်တော့ လိုင်စီးတစ်အရ အလွန်ရှင်းပါတယ်။ စာသင်ကျောင်းခန်းမထဲကို ဝင်လာပြီဆိုတာနဲ့ အဲဒီကျောင်းသားကိုကြည့်ပြီး ဘယ်ဘာသာကိုးကွယ်တယ်ဆိုတဲ့ သရုပ်လက္ခဏာကို ဖော်ထုတ်ဖို့မလိုအပ်ပါ ဘူး။” လို့ အတ်တယ်လ်က ပြောပါတယ်။
ဒါပေမဲ့ အဲဒီဆောင်ရွက်မှုကို အတိုက်အခံလွှတ်တာ်အမတ်အများအပြားက ဝေဖန်ခဲ့ပါတယ်။ အဲဒီဆောင်ရွက်မှု ကို “အစ္စလာမ်ကြောက်စိတ်လွန်တဲ့လှုပ်ရှားမှုအသစ်” အဖြစ် ထင်ရှားတဲ့အတိုက်အခံနိုင်ငံရေးသမားတစ်ဦးဖြစ် သူ ဒန်နီရယ်လ်အိုဘိုနိုက X (ယခင်တွစ်တာ) ပေါ်မှာ ရေးသားခဲ့ပါတယ်။
အခုလုပ်ရပ်ဟာ စာသင်ကျောင်းအတွင်းမှာ အမျိုးသမီးတစ်ဦးရဲ့အဝတ်အစားကို အကြောင်းပြုပြီး နိုင်ငံရေးအရ သဘောထားကွဲလွဲအောင် ဖန်တီးလိုက်တာလို့မြင်တဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း လက်ဝဲစွန်း လွှတ် တော်အမတ် ဂျိန်း-လုစ် မာလန်ချန်က ပြောပါတယ်။
ပြင်သစ်နိုင်ငံဟာ လတ်တလောကာလနှစ်များအတွင်း အစ္စလာမ်မစ်အဝတ်အစားနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ် ရာ တားမြစ်မှုတွေအများအပြားဆောင်ရွက်ခဲ့တဲ့အတွက် မူဆလင်နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒေါသထွက်ခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံဟာ မူဆလင်အမျိုးသမီးတွေမျက်နှာအုပ်တဲ့ ဝတ်ရုံကို တားမြစ်ခဲ့တဲ့အတွက် လူ့အခွင့်အရေးကို ချိုး ဖောက်တာဖြစ်ကြောင်း ၂၀၁၈ ခုနှစ်က ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက ပြောဆိုခဲ့ပါတယ်။
Ref: France to ban the wearing of abayas in schools, fueling accusations of Islamophobia
#PeopleMedia