• Follow Us on
Latest News

Home ပြင်သစ်နိုင်ငံက SCALP တာဝေးပစ်ခရုစ်ဒုံးကျည်များ ယူကရိန်းကို ပေးပို့သွားမည်

ပြင်သစ်နိုင်ငံက SCALP တာဝေးပစ်ခရုစ်ဒုံးကျည်များ ယူကရိန်းကို ပေးပို့သွားမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၈

 

ပြင်သစ်နိုင်ငံက SCALP တာဝေးပစ်ခရုစ်ဒုံးကျည် (ဗြိတိန်အခေါ် မုန်တိုင်းအရိပ် – Storm Shadow) အစင်း ၄၀ နဲ့ တခြားဗုံးအမျိုးအစား အများအပြားကို ရုရှားစစ်တပ်ကိုရင်ဆိုင်နေရတဲ့ ယူကရိန်းတပ်မတော်အတွက် ပေးပို့ သွားမှာဖြစ်ကြောင်း ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်က အင်္ဂါနေ့ (ဇန်နဝါရီလ ၁၆ ရက်နေ့) က ပြောကြား လိုက်ပါတယ်။

 

ပြင်သစ်သမ္မမက်ခရွန်က ၎င်းအနေနဲ့ ဖေဖော်ဝါရီလအတွင်း ယူကရိန်းကို သွားရောက်မှာဖြစ်ပြီး ဥရောပတိုက်ရဲ့ ဦးစားပေးအလုပ်ဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားကို အနိုင်မရအောင်လုပ်ရမှာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ သတင်းထောက်တွေကို ပြောပါတယ်။

 

“ရုရှားကို စစ်ပွဲမှာ အနိုင်ပေးလိုက်တာဟာ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှုမရှိကြောင်း လက်ခံလိုက် တယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားပါလိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းနဲ့ ဗြိတိန်နိုင်ငံကြားထဲမှာ စစ်ရေးဆိုင်ရာသဘောတူစာချုပ်ချုပ်ဆိုထားသုလို ပြင်သစ်နဲ့ ယူကရိန်း နိုင်ငံ ကြားမှာလည်း လုံခြုံရေးဆိုင်ရာသဘောတူညီချက်စာချုပ်သစ်တစ်ရပ်ချုပ်ဆိုရေး ဆောင်ရွက်သွားမှာဖြစ်ပြီး ၎င်း ရဲ့ ဖေဖော်ဝါရီခရီးစဉ်အတွင်း ကြေညာသွားမှာဖြစ်ကြောင်း မက်ခရွန်က ပြောပါတယ်။

 

SCALP တာဝေးပစ်ခရုစ်ဒုံးကျည်တွေဟာ ယူကရိန်းနိုင်ငံထဲမှာ ရုရှားသိမ်းပိုက်ထားတဲ့ အရှေ့ဘက် နယ်မြေတွေ က ပစ်မျတ်တွေကို ပစ်ခတ်နိုင်စွမ်းရှိပါတယ်။

 

SCALP တာဝေးပစ်ခရုစ်ဒုံးကျည် ၄၀ အပြင် တခြားဗုံးအမျိုးအစား လေးငါးရာကိုလည်း တင်ပို့ပေးသွားမှာဖြစ် ကြောင်း မက်ခရွန်က ပြောပါတယ်။

 

အရေအတွက်အတိအကျမသိပေမဲ့ ပြင်သစ်နိုင်ငံက ၎င်းတို့နိုင်ငံရဲ့ စစ်လက်နက်ပစ္စည်း ပထမဦးဆုံးအသုတ်ကို ယူကရိန်းနိုင်ငံကို ပြီးခဲ့တဲ့နွေရာသီက တင်ပို့ပေးခဲ့ပါတယ်။

 

နှစ်နှစ်ကြာစစ်ပွဲမှာ ရုရှားနိုင်ငံက အသာစီးရနေတာကို ဟန့်တားဖို့အတွက် အနောက်နိုင်ငံတွေဟာ ယူကရိန်းနိုင် ငံကို စစ်လက်နက်ပစ္စည်းတွှေ ဆက်လက်တိုးမြှင့်ပို့ဆောင်ပေးဖို့ လိုအပ်ကြောင်း စစ်ရေးဆန်းစစ်လေ့လာသူ တွေက ပြောပါတယ်။

 

Ref: France to Deliver 40 More Long-Range Missiles to Ukraine: Macron

 

#PeopleMedia


Share this post