• Follow Us on
Latest News

Home ပြင်သစ်သံအမတ်ကို မောင်းထုတ်ပြီးနောက် နိုင်ဂျာအာဏာသိမ်းစစ်အစိုးရကိုထောက်ခံကြောင်းပြသတဲ့ အနေနဲ့ နိုင်ဂျာပြည်သူထောင်ပေါင်းများစွာ စုရုံးဆန္ဒပြ

ပြင်သစ်သံအမတ်ကို မောင်းထုတ်ပြီးနောက် နိုင်ဂျာအာဏာသိမ်းစစ်အစိုးရကိုထောက်ခံကြောင်းပြသတဲ့ အနေနဲ့ နိုင်ဂျာပြည်သူထောင်ပေါင်းများစွာ စုရုံးဆန္ဒပြ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၈

 

နိုင်ဂျာစစ်အစိုးရက ပြင်သစ်သံအမတ်ကို ၄၈ နာရီအတွင်း နိုင်ငံထဲကထွက်ခွာသွားဖို့ မောင်းထုတ်လိုက်ပြီး နောက် နိုင်ဂျာစစ်အစိုးရကိုထောက်ခံတဲ့အနေနဲ့ လူဦးရေထောင်ပေါင်းများစွာဟာ စနေနေ့က နီယာမေ မြို့မှာ စုရုံးပြီး ဆန္ဒပြခဲ့ကြပါတယ်။

 

နိုင်ဂျာနိုင်ငံရဲ့အကြီးဆုံးဖြစ်ပြီး ထိုင်ခုံပေါင်း ၃၀၀၀၀ ဆံ့တဲ့ ဆေးနီကောင့်ချ်အားကစားကွင်းထဲမှာ အာဏာ သိမ်းစစ်တပ်ကိုထောက်ခံတဲ့လူဦးရေ သုံးပုံနှစ်ပုံနဲ့ပြည့်နေပြီး လေမှုတ်ကိရိယာတွေကို မှုတ်လိုက်တဲ့အသံ တွေက တစ်ကွင်းလုံးညံ့နေကြောင်း AFP သတင်းထောက်တွေက ပြောပါတယ်။

 

ကျွမ်းဘားအားကစားသမားတွေက နိုင်ဂျာနိုင်ငံရဲ့အမျိုးသားအလံကအရောင်တွေပါတဲ့ဝတ်စုံတွေဝတ် ဆင်ပြီး အားကစားကွင်းအလယ်မှာ ကျွမ်းဘားပြသနေကြသလို စင်မြင့်တွေပေါ်မှာတော့ နိုင်ဂျာအလံ၊ အယ်လ်ဂျီးရီးယားအလံနဲ့ ရုရှားအလံတွေကို လွှင့်ထူထားပါတယ်။

 

“ကျွန်မတို့အလိုရှိတဲ့ မိတ်ဖက်နိုင်ငံကိုရွေးချယ်ခွင့် ကျွန်မတို့မှာရှိပါတယ်။ ပြင်သစ်နိုင်ငံဟာ အဲဒီအခွင့် အရေးကို လေးစားရပါမယ်။” လို့ နိုင်ဂျာအလံဒီဇိုင်းကို ခြေဆုံးခေါင်းဖျား ဝတ်ဆင်ထားတဲ့ မော်ဒယ်တစ်ဦး ဖြစ်သူ မာရာ တပ်အီဘရာဟင်ဘူဘက်ကာက ပြောပါတယ်။

 

“နိုင်ဂျာတပ်မတော်က အာဏာမသိမ်းခင်အထိ ခြောက်နှစ်လုံးလုံး ကျွန်မတို့ ဘယ်တုန်းကမှ မလွတ်လပ်ခဲ့ ကြပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

ဇူလိုင်လ ၂၆ ရက်နေ့က သမ္မတမိုဟာမက်ဘာဇွန်းအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့တဲ့ ပြည်တွင်း လုံခြုံရေးအမျိုးသားကောင်စီ (CNSP) ကို နိုင်ဂျာနိုင်ငံက အပြည့်အဝထောက်ခံကြောင်း ဘူဘက်ကာက ပြောပါတယ်။

 

ပြည်တွင်းလုံခြုံ ရေးအမျိုးသားကောင်စီ (CNSP) ကို ကိုလိုနီဟောင်းပြင်သစ်နိုင်ငံကို ပစ်မှတ်အသစ်အဖြစ် သဘောထားတဲ့ ဗိုလ်ချုပ်ကြီးအက်ဒူရာဟာမနေတီယာနီက ဦးဆောင်တာ ဖြစ်ပါတယ်။

 

“နိုင်ဂျာနိုင်ငံတွင်းမှာ ပြင်သစ်စစ်သားတစ်ယောက်မှ မရှိတော့တဲ့အထိ တိုက်ပွဲက ရပ်တန့်သွားမှာ မဟုတ်ဘူး။ အဲဒီပြင်သစ်စစ်သားတွေကို မောင်းထုတ်မယ့်သူတွေကတော့ ခင်ဗျားတို့ပါပဲ။” လို့ CNSP အဖွဲ့ဝင် ဗိုလ်မှူးကြီး အိုဘရိုအမာဒတ်က စနေနေ့က အားကစားကွင်းထဲမှာ တက်ရောက်လာတဲ့ လူထုကို ပြောဆိုခဲ့ပါတယ်။

 

ပြင်သစ်သံအမတ် ဆီလဗာအစ်ဟာ အာဏာသိမ်းစစ်အစိုးရနဲ့လာရောက်တွေ့ဆုံခြင်းမရှိတဲ့အတွက် သံ အမတ် ကို ၄၈ နာရီအတွင်း နိုင်ငံတွင်းက ထွက်ခွာသွားဖို့ နိုင်ဂျာနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာ နေ့က ကြေညာခဲ့ပါတယ်။

 

ပြင်သစ်နိုင်ငံက နိုင်ဂျာစစ်အစိုးရရဲ့ထုတ်ပြန်ချက်ကို ပယ်ချလိုက်ပြီး “အာဏာသိမ်းထားတဲ့သူတွေအနေနဲ့ အခု လိုကြေညာချက်မျိုးထုတ်ပြန်ဖို့ အခွင့်အာဏာမရှိဘူး။” လို့ ပြန်လည်ပြောကြားပါတယ်။

 

“ပြင်သစ်သံအမတ်ဟာ ဒီနိုင်ငံက ထွက်ခွာသွားရမယ့်အစား ဒီနိုင်ငံဟာ သူ့ဘိုးဘွားပိုင်မြေလို့ တွေးနေလား မသိဘူး။” လို့ ကျန်းမာရေးလုပ်သားတစ်ဦးဖြစ်ပြီး စနေနေ့က လူထုဆန္ဒပြပွဲကိုတက်ရောက်လာတဲ့ CNSP အဖွဲ့ဝင် အီဒရစ်ဆာ ဟာလီဒပ်က ပြောပါတယ်။

 

“ကျွန်တော်တို့ဟာ စစ်တိုက်တဲ့လူမျိုးဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ အနောက်အာဖရိကနိုင်ငံများ စီး ပွားရေးအဖွဲ့ (ECOWAS) ကို တိုက်ခိုက်ဖို့ အသင့်ရှိနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ECOWAS အဖွဲ့ဟာ နိုင်ဂျာအာဏာသိမ်းစစ်အစိုးရကို စီးပွားရေးအရေးယူပိတ်ဆို့မှုတွေချမှတ်ခဲ့တဲ့အပြင် သမ္မတဟောင်း မိုဟာမက်ဘာဇွန်းကို အာဏာပြန်မအပ်ဘူးဆိုရင် စစ်ရေးအရေ အရေးယူဆောင်ရွက်သွား မှာဖြစ်တယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

 

Ref: Niger Coup Supporters Rally after French Ambassador Ordered Out

 

#PeopleMedia


Share this post