• Follow Us on
Latest News

Home ပြင်သစ်သံအမတ်ကြီးဟာ နိုင်ဂျာနိုင်ငံမှာ ဓားစာခံတစ်ဦးလို နေရကြောင်း မက်ခရွန်ပြော

ပြင်သစ်သံအမတ်ကြီးဟာ နိုင်ဂျာနိုင်ငံမှာ ဓားစာခံတစ်ဦးလို နေရကြောင်း မက်ခရွန်ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၈

 

နိုင်ဂျာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီးဟာ ပြင်သစ်သံရုံးထဲမှာ ဓားစာခံတစ်ဦးလို နေနေရပြီး နိုင်ဂျာစစ်ခေါင်း ဆောင်တွေဟာ သံရုံးထဲကို စားနပ်ရိက္ခာတွေပို့လို့မရအောင် ပိတ်ဆို့ထားတယ်လို့ ပြင်သစ်သမ္မတအီမန်နျူရယ် မက်ခရွန်က သောကြာနေ့ (စက်တင်ဘာလ ၁၅ ရက်နေ့) က စွပ်စွဲပြောဆိုလိုက်ပါတယ်။

 

ပြင်သစ်သံအမတ်ကြီးဟာ တပ်မတော်ရိက္ခာတွေကို မှီခိုစားသောက်နေရကြောင်း မက်ခရွန်က ပြင်သစ်နိုင်ငံ ဆီးမာအန်အော့ဇဝပ်စ (Semur-en-Auxois) မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

 

“ကျွန်တော်တို့ စကားပြောနေတဲ့အချိန်မှာပဲ ကျွန်တော်တို့ သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းတွေဟာ ပြင်သစ်သံရုံး ထဲမှာ ဓားစာခံတွေလို နေနေရပါတယ်။” လို့ မက်ခရွန်က ပြောပါတယ်။

 

“သံအမတ်ကြီးနဲ့ ဝန်ထမ်းတွေဆီကို အစေားအသောက်တွေပို့လို့မရအောင် ပိတ်ပင်ထားပါတယ်။ သံအမတ်ကြီး ဟာ စစ်တပ်ရိက္ခာတွေကို အားကိုးပြီး စားသောက်နေထိုင်နေရပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဇူလိုင်လ ၂၆ ရက်နေ့က သမ္မတမိုဟာမက်ဘာဇုမ်းကို ဖြုတ်ချလိုက်ပြီးနောက်မှာ ပြင်သစ်သံအမတ်ကြီး ဆေး ဗိုင်းအိထကို နိုင်ငံတွင်းကထွက်ခွာသွားဖို့ နိုင်ဂျာစစ်ခေ်င်းဆောင်တွေက ပြောကြားခဲ့ပါတယ်။

 

ဒါပေမဲ့ ပြင်သစ်အစိုးရဟာ နိုင်ဂျာစစ်ခေါင်းဆောင်တွေကို တရားဝင်အသိအမှတ်မပြုသလို ပြင်သစ်သံအမတ် ကြီးကို ၄၈ နာရီအတွင်းနိုင်ငံတွင်းကထွက်ခွာသွားဖို့ သြဂုတ်လကထုတ်ပြန်ခဲ့တဲ့ နိုင်ဂျာစစ်ခေါင်းဆောင်တွေရဲ့ အမိန့်ကိုလည်း မလိုက်နာဘဲ သံအမတ်ကြီးဟာ နိုင်ဂျာနိုင်ငံတွင်းက ပြင်သစ်သံရုံးမှာပဲ ဆက်လက်နေထိုင်ခဲ့ပါ တယ်။

 

နိုင်ဂျာနိုင်ငံက စစ်အာဏာသိမ်းမှုကို ပြင်သစ်နိုင်ငံနဲ့ နိုင်ဂျာအိမ်နီးချင်းနိုင်ငံ အများစုက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ပြင်သစ်သံအမတ်ကြီးဟာ အပြင်ထွက်လို့မရကြောင်း၊ ၎င်းကို နိုင်ငံတွင်းကထွက်ခွာသွားဖို့ (နိုင်ဂျာစစ်အစိုးရက) အမိန့်ပေးထားကြောင်း၊ ၎င်းအတွက် စားနပ်ရိက္ခာပေးပို့လို့မရအောင် ပိတ်ဆို့ထားကြောင်း မက်ခရွန်က ပြောပါ တယ်။

 

ပြင်သစ်နိုင်ငံအနေနဲ့ သံအမတ်ကြီးကို ပြင်သစ်နိုင်ငံကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားထားပါသလားလို့ မေးမြန်းခံရ တဲ့အခါ မက်ခရွန်က “သမ္မတဘာဇုမ်းဟာ တရားဝင်အာဏာပိုင်ဖြစ်တဲ့အတွက် သူနဲ့သဘောတူညီထားတဲ့အ တိုင်း အားလုံးဆောင်ရွက်သွားမှာပါ။ ကျွန်တော် သူနဲ့ နေ့တိုင်းစကားပြောနေပါတယ်။” လို့ မက်ခရွန်က ပြောပါ တယ်။

 

သံအမတ်ကြီးဟာ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပြီး ပြင်သစ်အစိုးရက ဆန္ဒရှိသလောက် သူ့အလုပ်သူဆက်လုပ် နေမှာပဲဖြစ်ကြောင်း နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ကက်သရင်းကိုလိုနာက ပြောပါတယ်။

 

နိုင်ဂျာနိုင်ငံထဲမှာ ပြင်သစ်တပ်ဖွဲ့ဝင် ၁၅၀၀ ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး အဲဒီတပ်ဖွဲ့ဝင်တွေကို ပြန်လည်နေရာ ချထားဖို့ သမ္မတဘာဇုမ်းနဲ့ ဘယ်လိုမှညှိနှိုင်းလို့မရနိုင်သေးဘူးလို့ အခုလအစောပိုင်းမှာ ပြင်သစ်အစိုးရက ပြော ပါတယ်။

 

Ref: Macron Says Ambassador to Niger ‘Literally Held Hostage’

 

#PeopleMedia


Share this post