• Follow Us on
Latest News

Home ပြင်သစ်အစိုးရက ရာဖေးဂျက်တိုက်လေယာဉ် ၄၂ စင်း ထပ်မံဝယ်ယူမည်

ပြင်သစ်အစိုးရက ရာဖေးဂျက်တိုက်လေယာဉ် ၄၂ စင်း ထပ်မံဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇

 

ပြင်သစ်အစိုးရက ပြင်သစ်လေတပ်အတွက် Dassault Aviation ကုမ္ပဏီထုတ် အင်ဂျင်နှစ်လုံးတပ် ရာဖေးဂျက် တိုက်လေယာဉ် (Rafale) ၄၂ စင်းကို ထပ်မံမှာယူလိုက်ပါတယ်။

 

ဥရောပငွေ ၅ ဘီလျံ (ဒေါ်လာ ၅.၅ ဘီလျံ) တန်ကြေးရှိ အခုတစ်ကြိမ်မှာယူမှုမတိုင်ခင် ပြင်သစ်အစိုးရဟာ ရာဖေးဂျက်တိုက်လေယာဉ်တွေကို ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက မှာယူခဲ့တာ ငါးကြိမ်ရှိပြီလို့ Dassault Aviation ကုမ္ပဏီက ပြောပါတယ်။

 

ပြင်သစ်နိုင်ငံဟာ ရာဖေးဂျက်တိုက်လေယာဉ်တွေကို ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက စတင်သုံးစွဲလာတာ ဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ ၁၃ စင်း၊ ၁၉၉၉ ခုနှစ်မှာ ၄၈ စင်း၊ ၂၀၀၄ ခုနှစ်မှာ ၅၉ စင်းနဲ့ ၂၀၀၉ ခုနှစ်မှာ အစင်း ၆၀ မှာယူသုံးစွဲခဲ့ပါတယ်။

 

ဒါ့အပြင် ပြင်သစ်နိုင်ငံက ဂရိနိုင်ငံကို တခြားဂျက်တိုက်လေယာဉ်တချို့ လွှဲပြောင်းပေးခဲ့တဲ့အတွက် အဲဒီလေ ယာဉ်တွေနေရာမှာ အစားထိုးဖို့ ရာဖေးဂျက်တိုက်လေယာဉ် ၁၂ စင်းကိုလည်း သီးခြားမှာယူခဲ့ပါသေးတယ်။

 

အခုနောက်ဆုံးမှာယူတဲ့ အသုတ်နဲ့ဆိုရင် ပြင်သစ်နိုင်ငံမှာ ရာဖေးဂျက်တိုက်လေယာဉ် ၂၃၄ စင်းရှိသွားပြီဖြစ် ပါတယ်။

 

“Dassault Aviation ကုမ္ပဏီနဲ့ ရာဖေးစီမံချက်မှာပါဝင်တဲ့ ကုမ္ပဏီပေါင်း ၄၀၀ ကိုယ်စား အခုလို ရာဖေးဂျက် တိုက်လေယာဉ်တွေကို နောက်ထပ်တစ်ဖန်ပြန်လည်စိတ်ဝင်စားလာတဲ့အတွက် ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြင်သစ်စစ်လက်နက်ပစ္စည်းဝယ်ယူရေးအဖွဲ့နဲ့ ပြင်သစ်လေတပ်တို့ကို ကျွန်တော့်အနေနဲ့ ကျေးဇူးတင် ကြောင်း ပြောလိုပါတယ်။” လို့ ကုမ္ပဏီဥက္ကဋ္ဌ အဲရစ်ထရက်ပီးယားက ပြောပါတယ်။

 

“ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာအတွက် တာဝန်ထမ်းဆောင်ဖို့ အဓိကတာဝန်ရှိတဲ့ကုမ္ပဏီကြီးအနေ နဲ့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုတွေကို အသုံးပြုသွားဖို့ ဆုံးဖြတ်ထား ပြီးသားဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အခုနောက်ဆုံးအသုတ်မှာယူလိုက်တဲ့ ရာဖေးဂျက်တိုက်လေယာဉ်တွေကို ပြင်သစ်လေတပ်ကို ၂၀၂၇ ခုနှစ်နဲ့ ၂၀၃၂ ခုနှစ်ကြားကာလမှာ လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။

 

ရာဖေးဂျက်တိုက်လေယာဉ်ဟာ တာတို/တာဝေး စစ်ဆင်ရေးတာဝန်အမျိုးမျိုးကို ထမ်းဆောင်နိုင်တဲ့အတွက် ဒီ ဂျက်တိုက်လေယာဉ်ကို ဘက်စုံသုံးဂျက်တိုက်လေယာဉ်အဖြစ် သတ်မှတ်ထားကြပါတယ်။

 

ရန်သူ့အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခြင်း၊ ရန်သူ့လေယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ စစ် သင်္ဘောတွေကို တိုက်ခိုက်ခြင်းနဲ့ မဟာဗျူဟာမြောက် ကင်းထောက်တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် ရာ ဖေးဂျက်တိုက်လေယာဉ်ဟာ လိုအပ်တဲ့လက်နက်ခဲယမ်းတွေကို သယ်ဆောင်သွားနိုင်ပါတယ်။

 

ရာဖေးဂျက်တိုက်လေယာဉ်ကို မြေမြင်လေတပ်စခန်းတွေမှာရော လေယာဉ်တင်သင်္ဘောတွေပေါ်မှာပါ အသုံးပြု နိုင်ပါတယ်။

 

ရာဖေးဂျက်တိုက်လေယာဉ်မူကွဲအမျိုးအစားမှာ တာလတ်ပစ် ASMP နျူကလီးယားဒုံးကျည်တပ်ဆင်ထားတဲ့အ တွက် နျူကလီးယားစစ်ပွဲအတွက်လည်း တိုက်ပွဲဝင်နိုင်ကြောင်း Dassault Aviation ကုမ္ပဏီက ပြောပါတယ်။

 

ရာဖေးဂျက်တိုက်လေယာဉ်ကို ပြင်သစ်နိုင်ငံအပြင် အီဂျစ်၊ ကာတာ၊ အိန္ဒိယ၊ ဂရိ၊ ယူအေအီးနိုင်ငံတို့မှာလည်း အသုံးပြုနေပြီး အင်ဒိုနီးရှားနိုင်ငံကလည်း ၂၀၂၆ ခုနှစ်မတိုင်ခင် လွှဲပြောင်းပေးဖို့ ရာဖေးဂျက်တိုက်လေယာဉ် ၁၈ စင်းမှာယူထားပါတယ်။

 

Ref: France Orders 42 More Dassault Rafale Combat Jets for $5.5B

 

#PeopleMedia


Share this post