• Follow Us on
Latest News

Home ပြင်ဦးလွင်နှင့် ဗန်းမော်တို့တွင် သိန်း ၈၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ပြင်ဦးလွင်နှင့် ဗန်းမော်တို့တွင် သိန်း ၈၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၈

 

ပြင်ဦးလွင်မြို့နယ်နှင့် ဗန်းမော်မြို့နယ်တွင် ကျပ် ၈၅၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက် သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မူဆယ်မြို့မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ဒေါ်မာဘောက်(ခ)ဂျာဘောက် သယ်ဆောင် လာသော လက်ဆွဲခြင်းများအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၄၄၀ ဂရမ်(ဒေသ ကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃၂ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၄၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၄၈၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်မာဘောက်(ခ) ဂျာ ဘောက်(၆၃)နှစ်အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

ထို့အတူ စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂နာရီ ၃၀အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဗန်းမော်မြို့နယ်၊ စီအင်ကျေးရွာအနီးတွင် သောင်းဝူ(ခ) အားဝူ မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၂၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်အရ ၁၅၂၀ အချိန် ၎င်းနေထိုင်သည့် ဗန်းမော်မြို့နယ်၊ စီအင်ကျေးရွာရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၂၀)အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သောင်းဝူ(ခ)အားဝူ(၂၀)နှစ်အား ဗန်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post