ပြင်ဦးလွင်မြို့တွင် ထိန်းချုပ်ဓာတုပစ္စည်း ဟိုက်ဒရိုကလိုရစ်အက်စစ် ၇၂၀၀ လီတာကို ဖမ်းဆီးရမိ

PUBLISHED - August 4, 2023
နေပြည်တော်၊ သြဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ထိန်းချုပ်ဓာတုပစ္စည်း ဟိုက်ဒရိုကလိုရစ်အက်စစ် ၇၂၀၀ လီတာကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ပြီးခဲ့သောရက်ပိုင်းက ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၁)၊ လားရှိုး-မန္တလေးသွားကားလမ်း၊ ရေငယ်လမ်းဆုံတွင် အိုက်ဆမ် မောင်းနှင်လာသည့် MITSUBISHI FUSO အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ပလတ်စတစ်ပီပါများအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်း ဟိုက်ဒရိုကလိုရစ်အက်စစ် ၇၂၀၀ လီတာ(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၆၄၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိ ရသည်။
သို့ဖြစ်၍ အိုက်ဆမ် (၃၅) နှစ်အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိ ရသည်။
#PeopleMedia