• Follow Us on
Latest News

Home ပြင်ဦးလွင်မြို့နယ်တွင် ခရီးသည်တင်ယာဉ်ပေါ်တွင်လိုက်ပါလာသော အမျိုးသား ၁ ဦးထံမှ စိတ်ပြောင်းဆေးဝါး ကက်တမင်းနှင့် အက်တက်စီဆေးပြားများ သိမ်းဆည်းရမိ

ပြင်ဦးလွင်မြို့နယ်တွင် ခရီးသည်တင်ယာဉ်ပေါ်တွင်လိုက်ပါလာသော အမျိုးသား ၁ ဦးထံမှ စိတ်ပြောင်းဆေးဝါး ကက်တမင်းနှင့် အက်တက်စီဆေးပြားများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဩဂုတ် ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသော အမျိုးသား ၁ ဦးထံမှ စိတ်ပြောင်းဆေးဝါးကက်တမင်းနှင့် အက်တက်စီဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၁၆ ရက်နေ့ ည ၁၁နာရီ ၅၀အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက် သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေး ရှာဖွေစဉ် မူဆယ်မြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ထွန်းထွန်း ၏ကျောပိုးအိတ်အတွင်းမှ စိတ်ပြောင်းဆေးဝါး ကက်တမင်း အလေးချိန် ၉၀၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၇၀)၊ အက်တက်စီဆေးပြား ၉၆၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၇၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်း ဆည်းရမိခဲ့သဖြင့် ထွန်းထွန်း(၄၆)နှစ်အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

#PeopleMedia


Share this post