• Follow Us on
Latest News

Home ပြင်ဦးလွင်မြို့နယ်တွင် ဆိုင်ကယ်ခွကြား၌ တင်ဆောင်လာသော ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၅၀၀၀၀ ပြား ဖမ်းဆီးရမိ

ပြင်ဦးလွင်မြို့နယ်တွင် ဆိုင်ကယ်ခွကြား၌ တင်ဆောင်လာသော ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၅၀၀၀၀ ပြား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဩဂုတ် ၂၁

 

မန္တလေးတိုင်း‌ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဆင်ခေါင်းလေးကျေးရွာအနီးတွင် ဆိုင်ကယ်ခွကြား၌ တင်ဆောင် လာသော ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြားဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

သြဂုတ်လ ၂၀ ရက်နေ့ ၁၉ နာရီ ၄၅ အချိန် တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦး လွင်မြို့နယ်၊ ဆင်ခေါင်းလေးကျေးရွာအနီးတွင် မပုလဲဝင်း မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၅၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မပုလဲဝင်း(၂၂)နှစ်အား ပြင်ဦးလွင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post