ပြင်ဦးလွင်မြို့နယ်တွင် ရေဆင်းကူးသည့် လူငယ် ၁ ဦး ရေနစ်သေဆုံး
PUBLISHED - September 18, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၂၀)၊ နောင်ခမ်းကျေးရွာ၊ နောင်ခမ်းကြီးရေကန်တွင် ရေဆင်းကူးသည့် လူငယ် (၁) ဦး ရေနစ်သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦး လွင်မြို့နယ်၊ ရပ်ကွက်ကြီး(၂၀)၊ နောင်ခမ်းကျေးရွာ၊ နောင်ခမ်းကြီးရေကန်တွင် အသက် ၁၅ နှစ်အရွယ် အမျိုး သား (၁) ဦး ရေနစ်နေကြောင်းသတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၅၇ မိနစ်အချိန်တွင် ရေနစ်သေဆုံးသူအား ရှာဖွေတွေ့ရှိခဲ့ပြီး သန္တိသုခလူမူကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia